By The Trade Times, Shweproperty.com
Updated at 21 September 2015
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆောက်အအုံ များ ဆောက်လုပ်ရာ၌ ဆောက်လုပ် ရေးကာလအတွင်း လုံခြုံရေး ပိုက် ကွန်များ ကာရံထားခြင်း မရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများအား မြို့တော်စည်ပင်သာယာအဖွဲ့က လုပ်ငန်းရပ်ဆိုင်းသည်အထိ အရေး ယူနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်လျက်ရှိသည့် အချို့ သော ကန်ထရိုက်တိုက် လုပ်ငန်းခွင် များတွင် လုံခြုံရေး ပိုက်ကွန်များ ကာရံထားခြင်း မရှိသည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အုတ်၊ သဲ၊ ကျောက်အစရှိသည့် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကိရိ ယာတန်ဆာပလာများ ကပ်လျက်ရှိ သည့် အိမ်ပေါ်သို့ ပြုတ်ကျခြင်း ကြောင့် အန္တရာယ်ရှိကြောင်း ဆောက် လုပ်ရေးလုပ်ငန်းခွင်များနှင့် နီးစပ်မှု ရှိသော အိမ်နီးနားချင်းများက ပြော သည်။ ”ဒီတိုက်ကို ဆောက်နေတာ စဆောက်ကတည်းက ကျွန်မတို့ အိမ်နဲ့ ငြိငြိနေတယ်။ ဖောင်ဒေးရှင်း စတူးကတည်းက အိမ်က တခြမ်း စောင်းသွားတယ်။ အခုလည်း အကာ မရှိဘူး။ ပထမထပ်၊ ဒုတိယထပ် ဆောက်နေကတည်းက ဟိုပစ္စည်း ပြုတ်ကျ၊ ဒီပစ္စည်းပြုတ်ကျနဲ့ တစ် ရက်၊ နှစ်ရက်ပဲ ရှိဦးမယ်။ ကွန်ကရစ် ကိုင်ပြီးသား တုံး ပြုတ်ကျတာ လူ မရှိလို့၊ လှမ်းထားတဲ့ အဝတ်တွေ ဆိုရင် ဘိလပ်မြေတွေပါ ခဲသွား တယ်”ဟု တောင်ဥက္ကလာပမြို့နယ် မှ ဒေါ်အေးအေးက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ် ခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း အလုပ်သမားများနှင့် လမ်းသွား လမ်းလာ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် နံဘေးရှိ အိမ် ထိခိုက်ပျက်စီးမှု အခြေအနေမှ ကာကွယ်ရန် လုံခြုံရေးပိုက်ကွန်များ စနစ်တကျ ကာရံဆောက်လုပ်ရမည် ဟူသည့် ညွှန်ကြားချက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အထပ်မြင့် အဆောက် အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက် သည့် စည်းကမ်းချက်များအရ သိရ သည်။ ” ပိုက်ကွန်တွေ ကာပြီး ဆောက် ရမယ် ဆိုတာ သူတို့ကို ခွင့်ပြုမိန့် ချပေးကတည်းက စည်းကမ်းချက် တွေထဲမှာ ပါပြီးသား။ ဒီစည်းကမ်း ချက်တွေ လိုက်နာမှု ရှိမရှိကိုလည်း သက်ဆိုင်ရာမြို့နယ် စည်ပင်ကို စစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။ အဲဒီလို အကာအကွယ် မရှိ ဆောက် လုပ်နေရင် အမှုဖွင့် တိုင်ကြားလို့ ရပါတယ်။ ကျွန်တော်တို့ဘက်ကနေ ဥပဒေကြောင်းအရ လုပ်ငန်းရပ်ဆိုင်း သွားတဲ့အထိ အရေးယူလို့ ရတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆောက်အအုံ ဆောက်လုပ်ရာ တွင် ယင်းသို့ အကာအရံ မကာရံဘဲ စည်းကမ်းမဲ့ ဆောက်လုပ်ခြင်းများ ရှိသကဲ့သို့ အချို့နေရာများတွင် အိမ်နီးနားချင်းများနှင့် ညှိနှိုင်းခြင်း မပြုဘဲ မိမိသဘောနှင့် မိမိ ဆောင် ရွက်သည့်အတွက် အချင်းများရခြင်း များလည်း ရှိကြောင်း သိရသည်။ ”ကျွန်မတို့ရပ်ကွက်မှာ အမြင့် ဆုံးမှ နှစ်ထပ်ခွဲအထိပဲ အမြင့် ရှိတယ်။ သူတို့က ရှစ်ထပ်ခွဲ ကွန်ဒိုဆောက်မှာ ဆိုတော့ ဒါက လမ်းကို ပျက်စီးစေ တယ်”ဟု မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်တွင် နေထိုင်သူ မစန္ဒာရီက ပြောသည်။ ထိုနေရာမှာ လမ်းအကျယ် ၁၂ ပေသာ ရှိသည့် တစ်ဖက်ပိတ် လမ်း ကျဉ်းတစ်ခုဖြစ်ပြီး ၎င်းလမ်းတွင်း၌ ရှစ်ထပ်တိုက် ဆောက်လုပ်ရန် သဲ ကားများ၊ ကျောက်ကားများ ဥဒဟို ဝင်ရောက်သည့်အတွက် လမ်းပျက် စီးရကြောင်း၊ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြားသော်လည်း မြို့တော် စည် ပင်အနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့် အတွက် အရေးယူ၍ မရနိုင်ကြောင်း သိရသည်။ အသစ်ပြဋ္ဌာန်းထားသော ဥပဒေသည် ၂ဝ၁၅ ခုနှစ်အတွင်း အတည် ဖြစ်ခဲ့သော်လည်း ထိုကွန်ဒို မီနီယမ် ဆောက်လုပ်ရေးလုပ်ငန်း စတင်ချိန်မှာ ၂ဝ၁၃ ခုနှစ် ကတည်းက ဖြစ်သဖြင့် ဆောက်လုပ်မှုကို ယင်း ဥပဒေနှင့် အရေးယူ၍ မရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ”ကံကောင်းသွားတာက ဒီလုပ် ငန်းခွင် တစ်ခုပဲ ဆောက်လို့ရတယ်။ ကျန်တဲ့နေရာတွေက ဥပဒေအသစ် နဲ့ ငြိသွားပြီ။ ဒီလုပ်ငန်းခွင်ကတော့ ဥပဒေ အတည်မပြုခင်ကတည်းက ခွင့်ပြုမိန့် ကျထားတာပါ”ဟု အဆိုပါ ကွန်ဒိုအား တာဝန်ယူ ဆောက်လုပ် နေသည့် တကောင်ဘွား ဆောက် လုပ်ရေးကုမ္ပဏီမှ ဦးအောင်ကျော် မိုးက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီအနေဖြင့် လက်ရှိ အတည်ပြုထားသည့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းများ နှင့် ပတ်သက်၍ ဆောက်လုပ်သူများ ကို ပြဋ္ဌာန်းဥပဒေနှင့်အညီ လုပ်ဆောင် ရန် သတိပေးထားပြီး လိုက်နာခြင်း မရှိပါက ဥပဒေပါ ပြစ်ဒဏ်များနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ