By 7daydaily, Shweproperty.com
Updated at 1 February 2016
ရန်ကုန်မြို့တွင် အထပ် မြင့်အဆောက်အအုံများ တည် ဆောက်ရာ၌ လုပ်ငန်းခွင်ကိုစနစ်တကျ မကြီးကြပ်ဘဲ စည်းကမ်းဖောက်ဖျက်မှုများရှိနေသော လိုင်စင်ရ ကန်ထရိုက်တာနှင့် အင်ဂျင်နီယာများကို လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အရေးယူမည့်အပိုင်းနှင့် စည်းကမ်း ဖောက်ဖျက်နေသည့် အချက်အလက်များပါဝင်သည့် အသိပေးကြေညာချက်ကိုရန်ကုန် မြို့တော်စည်ပင်က ဇန်နဝါရီ နောက်ဆုံးပတ်တွင် သတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် အထပ် မြင့်အဆောက်အအုံများ ဆောက် လုပ်ရန် ခွင့်ပြုချက်မကျမီ စီမံ ကိန်းဒီဇိုင်းကို မြေပြင်သို့ သွား ရောက်ကြည့်ရှုခြင်းမရှိဘဲ ရေးဆွဲ ခြင်း၊ ခွင့်ပြုချက်မရဘဲ ဆောက် လုပ်ထားသည့် အဆောက်အအုံ များကို အခကြေးငွေယူ၍ လက် မှတ်ထိုးခြင်း၊ ဆောက်လုပ်ခွင့်ရရှိ ပါကလည်း လုပ်ငန်းခွင်ကို စနစ် တကျ မကြီးကြပ်ဘဲ စည်းကမ်း ဖောက်ဖျက်မှုနှင့် ပုံစံကွဲလွဲမှုများ ဖြစ်ပေါ်နေသောကြောင့် အရေး ယူခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်း များကို ယခင်ကထက် ပိုမိုကြပ် မတ်တော့မည်ဖြစ်ကြောင်း အင် ဂျင်နီယာနှင့် အဆောက်အအုံဌာ နမှ သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ကန်ထရိုက်တာ နှင့်အင်ဂျင်နီယာများ အနေဖြင့် မိမိတာဝန်ယူကိုင်တွယ်သည့် စီ မံကိန်းဒီဇိုင်းကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုကြပ်မတ်ခြင်းအ ပါအဝင် စည်ပင်ကထုတ်ပြန်ထား သည့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးမှုများပြု လုပ်ရန် လိုအပ်သည်ဟုပြောကြားခဲ့သည်။
‘‘အဓိကကတော့ ငွေယူပြီး လက်မှတ်ထိုးပေးလိုက်တာ အ မည်ခံသဘောမျိုးပေါ့။ စီမံကိန်း က ဘယ်နားမှာရှိမှန်းတောင်မသိ ဘဲ လုပ်စားနေတာတွေလည်းရှိ တယ်’’ဟု နာမည်ရဆောက်လုပ် ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
ယခင်က အရေးယူခံရသည့် ကန်ထရိုက်တာနှင့် အင်ဂျင်နီယာ များမှ ၎င်းတို့၏ ပြစ်မှုပြစ်ဒဏ်ကို ပြန်လည်စဉ်းစားပေးရန် အသ နားခံ တင်ပြထားခြင်းများကိုလက်ခံစဉ်းစားပေးမည်မဟုတ်ဟုလည်းထုတ်ပြန်ချက်ကဆိုသည်။
အဆောက်အအုံ တည် ဆောက်စဉ် စည်းကမ်းချိုးဖောက် မှုဖြင့် လိုင်စင်ရအင်ဂျင်နီယာ စုစုပေါင်း ၄၈၀ ကျော်ကို ၂၀၁၄ နှင့် ၂၀၁၅ (၂)နှစ်အတွင်း အရေး ယူထားကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန၏ စာရင်း များတွင် ဖော်ပြထားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ