By 7daydaily, Shweproperty.com
Updated at 20 October 2015
ရန်ကုန်မြို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်များမှ ထွက် ရှိသည့် မြေကြီးနှင့် စွန့်ပစ်ပစ္စည်း များ၊ ဆောက်လုပ်ရေးပစ္စည်းများ စနစ်တကျထားရှိခြင်းမရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို သတိပေးထားပြီး နောက်ပိုင်းတွင် ကန်ထရိုက်တာများအား လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။
သတိပေးထားသည့် ကုမ္ပဏီ အရေအတွက်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိသော်လည်း စည်း ကမ်းဖောက်ဖျက်သည့် ကုမ္ပဏီ များပြားလာသောကြောင့် ယခုကဲ့သို့ အရေးယူရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်း ခွင်များတွင် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ထားရှိပါက လိုင်စင်ကန်ထရိုက်တာနှင့် လိုင်စင် အင်ဂျင်နီယာကို ပြစ်မှုအပေါ်မူ တည်၍ လိုင်စင်တစ်လ (သို့မ ဟုတ်) ခြောက်လအထိ ပိတ်သိမ်း မည်ဖြစ်သည်ဟု သတိပေးချက် ထုတ်ပြန်သည်။ ထို့အပြင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းကို လည်း လိုင်စင်တစ်လပိတ်သိမ်း မည်ဖြစ်ကာ သတ်မှတ်ထားသည့် ဒဏ်ကြေးပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။
လတ်တလောတွင် ရန်ကုန် မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း ခွင်အချို၌ မြေကြီးနှင့် စွန့်ပစ် ပစ္စည်းများ သယ်ဆောင်လာသည့် မော်တော်ကားများတွင် လိုအပ်သော အဖုံးအကာများမတပ် ဆင်ခြင်း၊သတ်မှတ်ထားသည့် နေ ရာတွင် မစွန့်ပစ်ဘဲ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ မြေသယ်ယာဉ်ဘီးများ အားလုံးလုပ်ငန်းခွင်အထွက်တွင် ရေဆေးရန် ပျက်ကွက်ခြင်းတို့ တွေ့ရှိနေရသဖြင့် ယခုကဲ့သို့ သတိပေး လုပ်ဆောင်ရခြင်းဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘ပြစ်ဒဏ်ကတော့ နည်းနည်း ပြင်းလွန်းတယ်။ ဒါပေမဲ့ လုပ်သင့် ပါတယ်။ ဆောက်လုပ်ရေးလုပ် ငန်းတချို့က တော်တော်လေး စည်းကမ်းပျက်နေကြတယ်’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်မိုရ် က ဆိုသည်။
အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းအများစုတွင် စွန့်ပစ် ပစ္စည်းများပြဿနာအပြင် ဘေး အိမ်သို့ လုပ်ငန်းခွင်မှ ပစ္စည်းများ ပြုတ်ကျခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေမျိုး ရပ်ကွက်အတွင်း တည်ဆောက် သည့် ကန်ထရိုက်တာငယ်များတွင်ဖြစ်လေ့ဖြစ်ထရှိကြောင်း ၎င်းက ပြောသည်။
နာမည်ရ ကုမ္ပဏီကြီးအများ စုကမူလုပ်ငန်းခွင် အန္တရာယ်ကင်း ရှင်းရေးကို ၎င်းတို့ကုမ္ပဏီ၏ အမည်သိက္ခာထိခိုက်မည်စိုးသ ဖြင့် အထူးဂရုပြုပြီး စွန့်ပစ်ပစ္စည်း များစွန့်ပစ်ခြင်း၊ မြေသယ်ခြင်းများ တွင် ငွေကြေးအကုန်ကျခံကာ ပိုမိုလုပ်ဆောင်ခြင်းများရှိလာကြောင်းပြောသည်။
Ref : 7daydaily
Photo Credit : The Guar
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ