By 7daydaily, Shweproperty.com
Updated at 5 November 2015
ဆောက်လုပ်ရေးကုမ္ပ ဏီများကို လုပ်ငန်းကျွမ်းကျင် လုပ်ကိုင်နိုင်မှုနှင့်ပတ်သက်၍လာ မည့်နှစ်မှစတင်ကာ အဆင့်ခွဲခြား သတ်မှတ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေအရ အဆိုပါအစီ အစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ကုမ္ပဏီများတွင် အသုံးပြုသည့် အင်ဂျင်နီယာများ၏ အရည်အ သွေး၊ အသုံးပြုသည့်ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်၍ အဆင့်ခွဲခြားသတ်မှတ် မည်ဖြစ်သည်။
‘‘နောက်နှစ်မှာ ဆောက်လုပ် ရေးလုပ်ငန်းတွေ အကုန်လုံးက စည်ပင်နဲ့ အင်ဂျင်နီယာအသင်း မှာ စာရင်းသွင်းမှ တရားဝင်ဖြစ် လာမယ့်သဘောဖြစ်နေပြီ။ ကုမ္ပ ဏီသေးသေးမွှားမွှားလေးတွေ တော့ အခက်အခဲတွေ့နိုင်တယ်။ ငွေသုံးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုအား ကောင်းတဲ့ ကုမ္ပဏီကြီးတွေ အ တွက် အခွင့်အရေးကောင်းပဲ’’ဟု ဓနမြေဆောက်လုပ်ရေး လုပ်ငန်း ရှင်ဦးမြတ်စိုးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းထံသို့ ၎င်းတို့၏ သဘောဆန္ဒအရ လာရောက်စစ် ဆေးခံသည့် ဆောက်လုပ်ရေး ကုမ္ပဏီ ၄၀ ကျော်ရှိပြီး လာမည့် နှစ်တွင်မူ အင်ဂျင်နီယာကောင်စီ ဥပဒေအရ မြန်မာနိုင်ငံမှ ဆောက် လုပ်ရေးကုမ္ပဏီများစစ်ဆေးခံရ မည်ဖြစ်သည်။
ရန်ကုန်မြို့တွင် ဆောက် လုပ်ရေး လုပ်ငန်းများ ခေတ် ကောင်းလာသည့် ၂၀၁၃-၁၄ နှစ်များက ဆောက်လုပ်ရေးကုမ္ပ ဏီများမှတ်ပုံတင်သည့်အရေအ တွက်များပြားလာပြီး ၂၀၁၅ တွင် မူ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရာ ခိုင်နှုန်းအများဆုံးပါဝင်သော ကုမ္ပဏီများဝင်ရောက်မှုမှာ အား အကောင်းဆုံး ဖြစ်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောသည်။
ယခုကဲ့သို့ အင်ဂျင်နီယာ အသင်း၏ လုပ်ဆောင်ချက်ကို ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအ နေဖြင့်ကြိုဆိုပြီး ရေရှည်တွင် ပ ရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင် သည့်ကုမ္ပဏီများ အားကောင်း လာနိုင်ကာ တစ်ပွဲထိုးဝင်ရောက် လုပ်ကိုင်သည့် ကုမ္ပဏီအရေအ တွက် လျော့ကျသွားနိုင်ကြောင်း Three Friends ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်းရှင် ဦးကိုကို လေးက ပြောသည်။
‘‘ဒီလိုလုပ်တဲ့အပေါ်မှာ အင် ဂျင်နီယာအသင်းနဲ့အတူ ကျွန် တော်တို့ အပြည့်အဝ ပူးပေါင်း သွားမှာပါ။ ကုမ္ပဏီကြီးတွေအနေ နဲ့လည်း ဒီထက်မက အဆင့်သတ် မှတ်ချက်တွေကို ပိုကောင်းလာ အောင်၊ ခိုင်မာလာအောင် လုပ် လာကြလိမ့်မယ်’’ ဟု ဦးကိုကို လေးက ဆိုသည်။
ယခုကဲ့သို့ ဆောက်လုပ်ရေး ကုမ္ပဏီများအား အဆင့်ခွဲခြား သတ်မှတ်လိုက်ပါက ပြည်တွင်း ကုမ္ပဏီများသည် ပြည်ပကုမ္ပဏီ များနှင့်ယှဉ်ပြိုင်ရန် အခက်အခဲ ရှိပြီး နည်းပညာငွေကြေးအသုံးပြု မှုအပိုင်းတွင် များစွာ ကွာခြားသ ဖြင့် အဆင့်သတ်မှတ်ခံရမှု၌ ပြည် ပကုမ္ပဏီများ ဦးစားပေးအဆင့် တွင် ပါဝင်လာနိုင်ကြောင်း လုပ် ငန်းရှင်များက သုံးသပ်နေကြ သည်။
Ref : 7daydaily
Photo Credit : pcrnet
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ