By 7daydaily, Shweproperty.com
Updated at 7 March 2017
ကွန်ဒိုဥပဒေတွင် နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသောကြောင့် ကွန်ဒိုတိုက်ခန်း တည်ဆောက်သူများ ရောင်းအားကျဆင်းနေ ရခြင်းဖြစ် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ က အတည်ပြုပြဋ္ဌာန်းသည့် စုပေါင်းပိုင် အဆောက်အအုံကွန်ဒိုဥပဒေတွင် နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသောကြောင့် ကွန်ဒိုတည်ဆောက်သူလုပ်ငန်းရှင်များ အကျပ်တွေ့နေသည်။
‘‘ဈေးကွက်မှာ ရောင်းဖို့ စောင့်နေရတာတွေများတော့ နည်းဥပဒေထွက်ဖို့ ကျန်နေတော့ အကုန်အကျပ်ရိုက်ကုန်တာ’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကွန်ဒိုဥပဒေတွင်ပါဝင်သည့် စတုရန်းပေ နှစ်သောင်းကျော် အကျယ်အဝန်းနှင့် ရာခိုင်နှုန်း ၄၀ ကျော်ပါက နိုင်ငံခြားသားများကို ရောင်းချနိုင် သည်ဆိုသည့်အချက်ကြောင့် အမြန်ဆုံးနည်း ဥပဒေ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း IGreen ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုကျော်ကျော်နိုင်က ဆိုသည်။
စုပေါင်းပိုင်ဥပဒေ Condo Law ကို ၂၀၁၆ ဇန်နဝါရီ ၂၉ ရက် က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာသော်လည်း နည်းဥပဒေ ပြဋ္ဌာန်းရန် လိုအပ်နေသည်။
၂၀၁၅ ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံဥပဒေ (ကွန်ဒိုဥပဒေ) အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဟူသော အချက်အပါ အဝင် အတည်ပြုခဲ့သည်။
ရန်ကုန်မြို့တွင် ကွန်ဒိုအထပ်မြင့် တိုက်ခန်းများဆောက်လုပ်မှု များပြားလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နောက်ဆုံးကောက်ယူထားသည့် စာရင်းများ အရ ကွန်ဒိုဝယ်ယူနိုင်သည့် အိမ်ထောင်စုသည် လေးသောင်းခန့်သာရှိပြီး ၎င်းတို့က ကွန်ဒိုများ ဝယ်ယူမှုမရှိ၍ ကွန်ဒိုတိုက်ခန်း ဈေးကွက်မှာ ယနေ့အထိ အေးစက်နေဆဲဖြစ်သည်။
လက်ရှိရန်ကုန်မြို့တွင် တည်ဆောက်ပြီး ကွန်ဒိုအများစုသည် နိုင်ငံခြားသားများအနေဖြင့် ဝယ်ယူနေထိုင်နိုင်ခြင်းမရှိသည့် အပြင် ငှားရမ်းလိုမှုနှုန်းပင် မရှိကြောင်း တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးကိုကိုထွေးက ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားအများစုမှာ ကုမ္ပဏီဝန်ထမ်းနှင့် သာမန်အလယ်အလတ်လူတန်းစားများသာများပြီး ငွေကြေး သုံးစွဲနိုင်သည့် နိုင်ငံခြားသားမှာ နည်းပါးကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ၎င်းတို့သည် ဈေးသက်သာသော ရပ်ကွက်များရှိ တိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း ဦးကိုုကိုထွေးက ဆက်လက်ပြောကြားသည်။
Ref & Photo Crtedit : 7daydaily
Posted By : MOe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ