By 7daydaily, Shweproperty.com
Updated at 27 October 2015
ရန်ကုန်မြို့ရှိ ကွန်ဒို တိုက်ခန်းတွင် နေထိုင်ရန် ဝယ်ယူ မှုမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ထက်ဝက်ကျော်မှာ ပြန်လည် ရောင်းချရန်နှင့် ငှားရမ်းရန်အ တွက် ဝယ်ယူခြင်းဖြစ်ကြောင်း Property Solution ကုမ္ပဏီ၏ မြို့ပြအိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို သုတေသနပြု ကောက်ယူထားသည့် စစ်တမ်း တွင် ဖော်ပြထားသည်။
အဆင့်မြင့်ကွန်ဒိုတိုက်ခန်း များဝယ်ယူသည့် ရည်ရွယ်ချက် များကို ကွန်ဒို အရောင်းပြခန်း ပေါင်း ၁၂ ခုမှ ဝယ်ယူမှုများကို စစ် တမ်းကောက်ထားခြင်း ဖြစ်ကြောင်း၊ ပြန်လည်ရောင်းချရန်နှင့် ငှားရမ်း ရန် ရင်းနှီးမြှုပ်နှံသည့် အနေဖြင့် ဝယ်ယူမှုမှာ ၅၄ ရာခိုင်နှုန်း၊ ဝယ်ယူသည့် ရည်ရွယ်ချက် မဆုံးဖြတ်ရသေးသူ ၁၅ ရာခိုင်နှုန်းရှိပြီး နေထိုင်ရန် ဝယ်ယူမှုမှာ ၃၁ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမျိုးမော်ဦးက ပြောသည်။
‘‘အမှန်တကယ်နေတဲ့ သူက နည်းပြီး ပြန်ရောင်း၊ ပြန်ငှားတဲ့သူက များတဲ့အတွက် ကွန်ဒိုတွေ တည်ဆောက်တာများလာတာနဲ့ အမျှ ငှားမယ့်အခန်းတွေများလာ မယ်။ အဲဒီတော့ ကွန်ဒိုအငှားဈေး ကွက်က ကျယ်ပြန့်လာတော့မယ်။ ကွန်ဒိုဥပဒေ ထွက်လာရင် နိုင်ငံ ခြားသားတွေရဲ့ ဈေးကွက်က လည်း ရှိသေးတယ်’’ ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ငှားရမ်းမည့် ကွန်ဒိုများပြားလာခြင်း၊ ရုံးခန်းများအ တွက် သီးသန့်ဆောက်သည့် အ ဆောက်အအုံအသစ်များ ရှိလာ ခြင်းတို့ကြောင့် ကွန်ဒိုငှားရမ်းခ ဈေးနှုန်းများ တဖြည်းဖြည်းလျော့ ကျလာနိုင်ကြောင်း၊ သို့သော် ကွန် ဒိုတိုက်ခန်းငှားရမ်းခြင်းမှာ အခြား နေရာများတွင် ရင်းနှီးမြှုပ်နှံခြင်း ထက် ပိုမိုကောင်းမွန်သည့် အတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံမှု အဖြစ် ဆက်လက်ရှိနေနိုင်ကြောင်းဦးမျိုးမော်ဦးက သုံးသပ်သည်။
ကွန်ဒိုဈေးကွက်သည် လက်ရှိအချိန်တွင် အေးစက်နေသည့်အတွက် ဆောက်လက်စလုပ်ငန်း များမှာ တည်ဆောက်မှုများကြန့် ကြာနေကြောင်း၊ ၂၀၁၆ ၌ ကွန်ဒိုတိုက်ခန်းဈေးကွက် အခြေအနေမှာ နိုင်ငံရေးအခြေအနေပေါ်တွင် မူတည်နေကြောင်း၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေး အခြေအနေကောင်းလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာနိုင်၍ ဈေးကွက်ပြန်လည်ကောင်းလာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်းမှ ကောက်ယူထား သည့် စစ်တမ်းတစ်ရပ်အရ ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းများဝယ်ယူနိုင်သည့် အိမ်ထောင်စုမှာ လေးသောင်းခန့်သာရှိကြောင်းအသင်း၏ အကြံပေးဦးလှမောင် က ဇူလိုင်က ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာဟောပြောပွဲတစ် ခုတွင် ပြောကြားခဲ့သည်။
Ref : 7daydaily
Photo Credit : MGN
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ