By Kumudra, Shweproperty.com
Updated at 20 December 2017
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေထွက် ရှိလာပြီမို့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံ ခြားသားတွေ တရားဝင်ဝယ်ယူခွင့်ရရှိပြီလို့ သိရပါတယ်။
စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ နည်းဥပဒေကို ဒီဇင်ဘာလ ၇ ရက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပြီ လို့ဆိုတယ်။ ဒီဇင်ဘာ ၁၄ရက်နေ့မှာ ပြည်သူတွေသိရှိအောင် ဖြန့်ဝေလိုက် တာဖြစ်ပါတယ်။ ပြည်တွင်းရှိ ကွန်ဒိုတိုက် ခန်းဝယ်ယူသူတွေအနေနဲ့ အိမ်ခန်းပိုင် ဆိုင်မှုကို မှတ်ပုံတင်နိုင်ပြီ ဖြစ်သလို နိုင်ငံ ခြားသားတွေအနေနဲ့လည်း ပိုင်ဆိုင်မှုကို မှတ်ပုံတင်နိုင်ပါပြီ။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက “နိုင်ငံခြားသားက အရင်တုန်းက တရားမဝင်ဘဲ ဝယ်ယူပိုင်ဆိုင်ခွင့်ရှိတယ်ပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က ၁၉၈၇ Law နဲ့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို ကန့်သတ် ထားတဲ့အတွက် မြေကိုသော်လည်း ကောင်း၊ အခြား anyfix property ကို သော်လည်းကောင်း ဘာကိုမှ ပိုင်ဆိုင်ခွင့် မရှိသေးပါဘူး၊ ဒါကြောင့် အခုပိုင်ဆိုင် ချင်တယ်ဆိုရင် ကွန်ဒိုမီနီယံဥပဒေနဲ့ ဒါတရားဝင် စပြီးအိမ်ခန်းပိုင်ဆိုင်ခွင့်ကို ပေးတာပါ၊ သို့သော်လဲပဲ သူသည် အိမ်ခန်းကိုသာ ပိုင်ဆိုင်မှာဖြစ်ပါတယ်၊ မြေကို တော့ သူ့ကိုပိုင်ဆိုင်ခွင့် ပေးမထားသေးပါဘူး”လို့ ပြောပါတယ်။
ပြည်တွင်းရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူ သူတွေလည်း အိမ်ခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်နိုင်ပြီဖြစ်လို့ အထောက်အထား ခိုင် လုံမှုရှိတာကြောင့် ဘဏ်ချေးငွေတွေအ ပြင် ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ အရင်ကတော့ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေအနေနဲ့ အခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်ထားတာ မျိုးမရှိဘဲ မြေပိုင်ဆိုင်ခွင့်ရှိသူသာ မှတ်ပုံ တင်ထားနိုင်တာလို့ သိရပါတယ်။
“ကွန်ဒိုမီနီယံဥပဒေနဲ့ အခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်ပေးတာဖြစ်ပါတယ်၊ သို့သော်လဲ ကွန်ဒိုမီနီယံမှာ ကန့်သတ် ထားတာက မြေဧကဝက်မရှိလို့ ရှိရင် သူက ကွန်ဒိုမီနီယံနဲ့ ရပ်တည်လို့မရပါဘူး၊ အဲဒီတော့ ဧကဝက်ပေါ်မှာ ရှိနေတဲ့ အ ဆောက်အအုံဆိုလို့ရှိရင် နောက်တစ်ခုက ခြောက်ထပ်နဲ့ အထက်ရှိတဲ့ အဆောက် အအုံဆိုလို့ ရှိရင် သူက ကွန်ဒိုမီနီယံအဖြစ် ရီဂျစ်စတာ လုပ်ခွင့်ရမယ်”လို့ ဒေါ်မိုးသီတာက ပြောပါတယ်။
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေဟာ ၂၀၁၆ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တာဖြစ်ပြီး သည်ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ဒိုမီနီယံတိုက်ခန်းတွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ပိုင်ဆိုင်ခွင့်ရှိစေဖို့နဲ့ နိုင်ငံခြားသားတွေကို ရောင်းချနိုင်ဖို့ ြ ဖစ်တယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ