By Myanmar Property Journal, Shweproperty.com
Updated at 27 August 2013
ပြည်တွင်း၌ ကွန်ဒိုဥပဒေ တရားဝင် ထွက်ရှိလာပါက ဈေးကွက်အတွင်း နိုင်ငံခြားသားများ၏ အိမ်ရာဝယ်ယူ မှုနှင့် ဈေးကစားမှုများ ထွက်ပေါ်လာနိုင်ကြောင်း ပြည်တွင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ သုံးသပ်ပြော ကြားချက်များအရ သိရသည်။
ပြည်တွင်း ကွန်ဒိုဈေးကွက် အတွင်း၌မူ ပြည်ပထက် ပြည်တွင်း နိုင်ငံသားဝယ်ယူမှုသာ များပြားနေပြီး ပြည်ပနိုင်ငံခြားသားများအနေဖြင့်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (Foreign Investment Act) အပေါ် မူတည်၍ ကွန်ဒိုဝယ်ယူမှုအချို့ရှိသော်လည်း အများစုမှာ ကွန်ဒိုဥပဒေ တရားဝင် ထွက်လာချိန်ကိုသာ စောင့်ဆိုင်းနေကြကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြော ကြားခဲ့သည်။
“အခုဈေးကွက်ထဲမှာ နိုင်ငံခြားသားတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဥပဒေထွက်မှပဲ ဝယ်မယ် လို့ဆိုကြတယ်၊ ဒါပေမဲ့ တစ်ခုပြောချင်တာက ဥပဒေထွက်မှ ဝယ်မယ်ဆိုရင် လူတိုင်းကလည်း ဒီဥပဒေကို စောင့်နေကြတာဖြစ်လို့ လူတိုင်းဝယ်လာနိုင်မယ်၊ ဒီတော့ အကျိုးအမြတ်တော့ နည်းသွားနိုင်မယ်လို့ ထင်တယ်”ဟု Star City အိမ်ရာစီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသည့် ‘Yoma Strategic Holding ကုမ္ပဏီ’ မန်နေဂျင်းဒါရိုက်တာ Mr. Elmar A.Busch က ပြော ကြားခဲ့သည်။
“ကွန်ဒိုဥပဒေ တကယ်ထွက်လာရင် မြေဈေးတွေက တအားမြင့်တက်လာနိုင်တယ်၊ ကွန်ဒိုဆောက်လို့ အဆင်ပြေတဲ့အကွက်တွေဆို ဒီထက် ပိုပြီး တအားအဝယ်လိုက်လာနိုင်တယ်၊ အခု ဥပဒေမူကြမ်းမှာတောင် မြေဈေးတွေ ဒီလောက်တက်လာတာ ဥပဒေသာ တကယ်ထွက်ရင် ဒီထက်ပိုဆိုးလာနိုင်ပါတယ်၊ ဥပဒေ တကယ်ထွက်လာပြီဆိုရင်တော့ နိုင်ငံခြားသားတွေ အများဆုံး ဝယ်ယူလာပြီး ဈေးကွက်ကို ကစားတာမျိုးတွေ လုပ်လာနိုင်ပါတယ်၊ ဒါပေမဲ့ အစိုးရက ဈေးမတက်အောင် ပိတ်ဆို့ထားမယ်ဆိုရင်တော့ အခု ထက်အများကြီး ဈေးတက်လာမှာ မဟုတ်ပါဘူး”ဟု ‘မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ အသင်း’မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ဈေးကွက်အနေအထားကို သုံးသပ်ပြောကြားခဲ့သည်။
ပြည်တွင်း၏ ကွန်ဒိုဥပဒေမူကြမ်းမှာ လွှတ်တော်သို့ တင်ပြထားရှိပြီး လတ်တလော မြေဈေးကွက်အတွင်း၌ ကွန်ဒိုဆောက်လုပ်ရန် အကွက်အကွင်းကောင်းသည့် ဗဟန်း၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းကဲ့သို့သော မြို့စွန်ဘက်နှင့် လမ်းမတန်းမြေနေရာများ အဝယ်များပြားလျက်ရှိနေနေကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ