By mmtimes, Shweproperty.com
Updated at 18 December 2013
မြို့ပြလိုုအပ်ချက်အရ လွန်ခဲ့တဲ့ ၁၀နှစ်ထက်စာရင် ကွန်ဒိုု တိုုက်ခန်းတွေမှာ နေထိုုင်လိုုတဲ့ ယဉ်ကျေးမှုဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုုင်းမှာတော့ သိသိသာသာ ပြောင်းလဲလာခဲ့တယ်လိုု့ ဆိုုရမှာပါ။
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က စတင်ပြီး မြန်မာနိုုင်ငံရဲ့ အထင်ကရမြို့ကြီးတွေမှာ ကွန်ဒိုုတိုုက်ခန်းတွေ စတင်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပေမယ့် အဲဒီအချိန်က ကွန်ဒိုုတိုုက်ခန်းတွေမှာ နေထိုုင်ရတာဟာ သိပ်ပြီးခေတ်မစားသေးပါဘူး။ ဘာကြောင့်ဆိုုတဲ့ ထူးထူးခြားခြား အကြောင်းပြချက် မရှိပေမယ့် မီးပြတ်လိုု့ဓာတ်လှေကားထဲ ပိတ်မိမှာကိုု စိုုးရိမ်တာကြောင့်လိုု့ အများစုုက ဆိုုပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုုင်း ဆောက်လာကြတဲ့ ကွန်ဒိုုတိုုက်ခန်းတွေ အများစုုက နေထိုုင်ဖိုု့အတွက် သင့်တင့်ရုံု၊ အထပ်မြင့်များအတွက် အလွယ်တကူ တက်ဆင်းနိုုင်တဲ့ ဓာတ်လှေကားပါဝင်ရုံု အဆောက်အအုံု အမျိုးအစားတွေ ဖြစ်ပေမယ့် ယခင်က ကွန်ဒိုု တိုုက်ခန်းတွေ ထက်စာရင် ဝန်ဆောင်မှု ပိုုကောင်းလာတယ်လိုု့ ကွန်ဒိုု တိုုက်ခန်း စတင်ပေါ်ပေါက်စကပင် နေထိုုင်ဖြစ်ခဲ့ပြီး လက်ရှိ ရန်ကုုန်မြို့ ပန်းဘဲတန်းမြို့နယ်အတွင်းက ကွန်ဒိုုတိုုက်ခန်း တစ်ခုုမှာ နေတဲ့ ဒေါ်ဝင်းဝင်းလှက ပြောပါတယ်။
အခုုတော့ ပြောင်းလဲလာတဲ့ မြို့ပြလူနေမှုနဲ့အညီ အဲဒီစိုုးရိမ်စိတ်တွေ မရှိကြတော့ဘဲ လူအများစုုဟာ တတ်နိုုင်လိုု့ကတော့ ကွန်ဒိုု တိုုက်ခန်းတွေမှာ နေထိုုင်ဖိုု့ ပိုုမိုုရွေးချယ် လာခဲ့ပါတယ်။ ကျယ်ဝန်းတဲ့ အခန်းဖွဲ့စည်းမှု ကြောင့် ကွန်ဒိုု တိုုက်ခန်းတွေမှာ နေထိုုင်ဖိုု့၊ ရုံုးခန်းဖွင့်လှစ်ဖိုု့ လူအများစုုက ရွေးချယ်လာခဲ့ကြတယ်။
သာမန်တိုုက်ခန်းတွေလိုု လှေကားတက်ရတဲ့ ဒုက္ခမရှိတော့ဘဲ ဓာတ်လှေကားနဲ့နေထိုုင်ရာအထပ်ကိုု အလွယ်တကူ တက်ဆင်းနိုုင်တာရယ် ၂၄နာရီ အချိန်ပြည့် တာဝန်ယူပေးထားတဲ့ လုံုခြုံရေးစနစ်တွေ ကြောင့်လည်း ကွန်ဒိုုဟာ ငွေကြေး ပြည့်စုံုတဲ့ အလွှာအတွက် မျက်စိကျရွေးချယ်စရာ တစ်ခုုဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ကွန်ဒိုုအများစုုက ကွန်ဒိုုမီနီယံ အဆောက်အအုံုရဲ့ အမှန်တကယ်အင်္ဂါရပ်နဲ့ ကိုုက်ညီတဲ့ အဆင့်နည်းပါးနေသေးတာကိုု တွေ့ရပါတယ်။ ဒါကလည်း နိုုင်ငံရဲ့လူနေမှုအဆင့်အတန်းနဲ့ လူမှုယဉ်ကျေးမှု စံနှုန်းပေါ် မူတည်ဖြစ်ပေါ် လာတယ်လိုု့ပဲ ဆိုုမှာပါ။ လက်ရှိ မြို့ပြ လူနေမှုနှင့် ဖွံ့ဖြိုးလာမှုအရ ဆယ်စုုနှစ်တစ်ခုု အတွင်း တည်ဆောက်ထားခဲ့တဲ့ ကွန်ဒိုုအဆောက်အအုံုတွေက လိုုအပ်ချက်တွေ ရှိနေဆဲပါပဲ။ ဒါပေမယ့်လည်း နေထိုုင်ဖိုု့ရွေးချယ်မှုတွေ ပိုုမိုုလာတာနဲ့အတူ ကွန်ဒိုုတွေရဲ့ဖွဲ့စည်းမှုနဲ့ ဝန်ဆောင်မှု တွေကလည်း ကွာဟလာတာကိုု တွေ့ရပါတယ်။ မြို့ပြလိုုအပ်ချက်အရ လူနေမှုအဆင့်အတန်း ပြောင်းလဲလာတာနဲ့အတူ လိုုအပ်လာတဲ့ အထပ်မြင့်အဆောက်အအုံုတွေ၊ နေထိုုင်သူတွေရဲ့လိုုအပ်ချက်နဲ့ ကိုုက်ညီမယ့် အဆောက်အအုံုတွေ လိုုအပ်လာခဲ့တာ အမှန်ပါပဲ။
“ အဓိကက လူနေမှုအဆင့်အတန်း ပြောင်းလဲလာတဲ့ အတွက်ကြောင့် မြို့ပြလိုုအပ်ချက် ဖွံ့ဖြိုးလာတယ်။ လူတွေရဲ့အဆင့်အတန်းလည်း တဖြည်းဖြည်း ပြောင်းလဲသွားကြတယ်။
အဲဒီဟာက နေထိုုင်မှုကိုုလည်း ပြောင်းလဲသွားစေတာပါ။ ဒါကြောင့် လိုုအပ်ချက်နဲ့ ကိုုက်ညီတဲ့နေထိုုင်မှုကိုု လူတွေကပိုုပြီး ရွေးချယ်လာကြတယ်။ အဲဒီအတွက် ကွန်ဒိုုတွေ၊ အထပ်မြင့်အဆောက်အအုံုတွေ မြို့ပြတည်ဆောက်မှုမှာ ပိုုလိုုအပ်လာခဲ့တာပါ ” လိုု့ရတနာမြိုင်ဆောက်လုုပ်ရေးက ဈေးကွက်မန်နေဂျာ ဦးဇေယျာငြိမ်းက ပြောပါတယ်။
မြို့ပြရဲ့ဖွံ့ဖြိုးလာမှုအရ လူတွေဟာ နေထိုုင်ရုံု သက်သက်တင် မဟုုတ်တော့ဘဲ ပိုုင်ဆိုုင်တဲ့ ဥစ္စာပစ္စည်း၊ ကျန်းမာရေး၊ စိတ်အပန်းဖြေမှုစတာတွေ အတွက်မွန်းကျပ်မှု မရှိဘဲ လူမှုဘဝထဲက သက်တောင့်သက်သာ ဖြစ်စေမယ့် နေထိုုင်မှု အိုုအေစစ်ကိုု စနစ်တကျ ရှာဖွေလာခဲ့ကြပါတယ်။ လူနေမှုအတွက် နေထိုုင်ဖိုု့၊ ကားရပ်နားဖိုု့၊ အားကစားလေ့ကျင့်ဖိုု့၊ သက်တောင့်သက်သာ အနားယူ အပန်းဖြေဖိုု့၊ အလွယ်တကူ ဈေးဝယ်ထွက်နိုုင်ဖိုု့ စတာတွေအတွက် တစ်ခါတည်း အဆင်ပြေရရှိနိုုင်မယ့် နေရာတွေကိုု ရွေးချယ်လာခဲ့ကြတာကြောင့် အခုုနောက်ပိုုင်း တည်ဆောက်လာတာကိုု တွေ့ရပါတယ်။
“ အခုုနောက်ပိုုင်းကတော့ နေရာတိုုင်းမှာ ကားရပ်ဖိုု့အခက်အခဲကလည်းရှိလာတယ်။ အဲဒီအတွက် ကွန်ဒိုု တည်ဆောက်မယ်ဆိုုကတည်းက ကားပါကင်ကိုု ထည့်စဉ်းစား လာရတယ်။ ဝယ်တဲ့သူတွေကလည်း ကားပါကင်ပါတဲ့ အပေါ် မူတည်ပြီး ရွေးချယ်မှု ပိုုလာကြတယ် “ လိုု့ရတနာထွန်း ဆောက်လုုပ်ရေးက အုုပ်ချုပ်မှု ဒါရိုုက်တာ ဦးလားဇယ်က ဆိုုပါတယ်။
ရန်ကုုန်မြို့ ရွှေဂုံုတိုုင်က အဆင့်မြင့် ကွန်ဒိုုမှာ ရုံုးခန်း ဖွင့်လှစ်ထားတဲ့ ကုုမ္ဗဏီတစ်ခုုက မန်နေဂျာ ဒေါ်စန္ဒီ္ဒဝိုုင်းကတော့ ကားရပ်နားဖိုု့နေရာပါတာရယ်၊ ရုံုးခန်းဖွင့်လှစ်ဖိုု့ လုံုလောက်တဲ့အခန်း အကျယ်အဝန်း ရှိတာရယ်ကြောင့် ကွန်ဒိုုကိုု ရွေးချယ်ခဲ့တာပါလိုု့ပြောတယ်။
ကွန်ဒိုုတိုုက်ခန်းမှာ နေထိုုင်သူတွေရဲ့နေထိုုင်သူတွေရဲ့လိုုအပ်ချက်တွေကိုု ဝန်ဆောင်မှု ပေးနိုုင်ဖိုု့အတွက် ကွန်ဒိုု တိုုက်ခန်း တွေမှာ တိုုက်သာယာရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ဝန်ဆောင်မှု ပေးထားလေ့ ရှိပါတယ်။ အဲဒီအတွက် ဝန်ဆောင်ခ အဖြစ်တိုုက်ခန်းမှာ နေထိုုင်သူတွေက လစဉ် ပုံုမှန်ထည့်ဝင်ရပါတယ်။ အဲဒီလိုု ထည့်ဝင်ရပေမယ့် ရရှိတဲ့ ဝန်ဆောင်မှုက ပေးရတဲ့ ငွေကြေးနဲ့ ထိုုက်တန်တယ်လိုု့ ကွန်ဒိုုတိုုက်ခန်း နေထိုုင်သူ အများစုုက ပြောကြတယ်။
အထူးသဖြင့် ကွန်ဒိုု တိုုက်ခန်းအသုံုးပြုသူတွေရဲ့ တုံု့ပြန်မှုတွေအပေါ် မူတည်ပြီး အသစ်ထပ်မံ ဆောက်လုုပ်တဲ့ အဆင့်မြင့်ကွန်ဒိုုတွေ လိုုအပ်ချက်တွေကိုု ထပ်ဖြည့်ပေးရတယ်လိုု့ ဦးဇေယျာငြိမ်းက ဆိုုပါတယ်။
လိုုအပ်တဲ့ အရာတွေကိုု ဖြည့်ဆည်းပေးရ ရုံုသာမက ရှိထားပြီးသားဖြစ်တဲ့ ကားရပ်နားဖိုု့နေရာ၊ ဓာတ်လှေကား၊ လုံုခြုံရေး ဝန်ဆောင်မှု တွေအတွက် ပြင်ဆင်ထိန်းသိမ်းမှု တွေကိုုလည်းလုုပ်ဆောင်ပေးရသလိုု နောက်ပိုုင်း တည်ဆောက်တဲ့ အဆင့်မြင့် ကွန်ဒိုုတွေမှာ အဲဒီဝန်ဆောင်မှုတွေအတွက် ပိုုမိုုထည့်သွင်း စဉ်းစားလာရတယ်လိုု့ သူကဆိုုပါတယ်။
“ အဓိက အခန်းကျယ်လိုု့ ကွန်ဒိုုမှာနေဖိုု့ရွေးချယ်ဖြစ်တာပါ။ နေရတာလည်း သာမန်တိုုက်ခန်းတွေမှာ ထက်စာရင် အများကြီးအဆင်ပြေတယ်။ လုံုခြုံရေးလည်း စိတ်ချရတယ်။ သာမန်တိုုက်တွေမှလိုု ရေလည်းသိပ်ပူစရာ မလိုုဘူး။ တစ်ခါတစ်လေ ဓာတ်လှေကားပျက်ရင်တော့ နှစ်ရက်လောက် စောင့်ရတယ်။ ပုံုမှန်တော့ မီးပျက်လည်း မီးစက်မောင်းထားပေးတော့ အဆင်ပြေတယ်။ ညဖက်လည်း ပူစရာမလိုုဘူး ” လိုု့ရန်ကုုန်မြို့ ပုုဇွန်တောင်မြို့နယ် ရေကျော်လမ်းထိပ်က အဆင့်မြင့် ကွန်ဒိုုတိုုက်ခန်းတွင် နေထိုုင်သူ ဒေါ်အိအိချိုက ပြောပါတယ်။
“ အခုုကတော့ ဓာတ်လှေကားပါတယ်။ အိပ်ခန်းမကြီးပါတယ် စတဲ့တော်ရုံုတန်ရုံု လိုုအပ်ချက်ပါတယ်ဆိုုရုံု ကွန်ဒိုုဆိုုပြီး သုံုးနေကြတာ မှားတယ်လိုု့လည်း ပြောလိုု့မရဘူး။ ကွန်ဒိုုသတ်မှတ်ချက် မရှိသေးတော့ တိုုက်ခန်းတွေ ကိုု ကွန်ဒိုုဆိုုပြီး သုံုးနေကြရတာ။ ”
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ