"တစ်ယောက်တည်းဖြစ်ဖြစ်၊ စုံတွဲဖြစ်ဖြစ်လာတဲ့အခါ မလိုအပ်ဘဲနဲ့ အခန်းအကြီးကြီးတွေ ဝယ်ထားတော့ ကုန်ကျစရိတ်လည်းများတယ်၊ ဈေးနှုန်းလည်းများတယ်။ အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ပိုကောင်းတယ်။ Golden City ဆိုရင် အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ကုန်သွားပြီ။ မရှိတော့ဘူး။ ပြောချင်တာက အခန်းသေးတွေက -ဝယ်လိုအား ပိုများတယ်"ဟုGolden Land Real Estate Development ကုမ္ပဏီက Property Sale Director ဦးကျော်စည်သူက ပြောပါတယ်။
Golden City စီမံကိန်းဟာဆိုရင်လည်း ရန်ကင်းမြို့နယ်ထဲမှာရှိပြီးတော့ ကွန်ဒိုတိုက်ခန်းတွေ၊ အဆင့်မြင့်တိုက်ခန်းတွေ၊ ကုမ္ပဏီရုံးခန်း၊ ဈေးဝယ်စင်တာ နဲ့ ဟိုတယ်တွေပါဝင်တဲ့ Mixed used စီမံကိန်းဖြစ်ပါတယ်။ အခုဆို အဲဒီက ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူပြီး လာရောက်နေထိုင်တဲ့နှုန်းက ၆၀ ရာခိုင်နှုန်းလောက်ထိရှိနေပြီလို့Golden Land Real Estate Development ကုမ္ပဏီက Vice General Manager မစ္စတာ အဲလက်စ်လီက ပြောပါတယ်။