By Home & Services, Shweproperty.com
Updated at 22 May 2015
အိမ်ရာဝယ်ယူခြင်း၊ပြုပြင်ခြင်း၊အသစ်ဆောက်လုပ်ခြင်းများအတွက် ဘဏ်များမှ ချေးငွေယူရာတွင် တန်ဖိုးသင့်တင့် အိမ်ရာများ ဝယ်ယူမှုကိုအရစ်ကျငွေပေးချေမှုသက်တမ်း (၁) နှစ်မှ( ၈) နှစ် အထိတိုးမြှင့်ထားသော်လည်း ကွန်ဒိုဝယ်ယူမှုများအတွက် ငွေပေးချေခြင်း သက်တမ်းကိုမူ အနည်းဆုံး၁ နှစ်မှအများဆုံး(၃) နှစ်အတွင်းသာခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။ “ကွန်ဒိုဝယ်တဲ့သူတွေကို၈ နှစ်လောက်ထ ချေးပေးတယ်ဆိုရင် ချေးငွေက လိုအပ်တဲ့သူတွေဆီကိုမရောက်နိုင်တော့ဘူး၊ ကွန်ဒိုဝယ်တယ်ဆိုတာသူဌေးတွေဝယ်တာလေ နှစ်တိုအ တွင်းမှာပဲ သူတို့ ပြန်ဆပ်ရမှာပေ့ါ မချေးပေးဘူးလို့တော့ မရှိဘူး ဒါပေမယ့် နှစ်တိုလိမ့်မယ်”ဟု ၎င်းက ပြောသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် အိမ်ရာဝယ်ယူသူများ ချေးငွေရယူနိုင်ရန် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ကနဦးချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပုဂ္ဂိုလိက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့်လည်း ချေးငွေရယူနိုင်မှု အကြောင်းအရာများကိုဆွေးနွေးလျက်ရှိရာ ဦးစားပေးအနေဖြင့် တန်ဖိုးသင့်တင့် အိမ်ရာများ ဝယ်ယူမှုအတွက်အဓိကထား၍ ငွေထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းဦးဝင်းဇော်က ပြောသည်။ ပြည်တွင်းပုဂ္ဂိလိက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တိုက်ခန်းဝယ်ယူချင်သူများ ကွန်ဒိုဝယ်ယူချင်သူများအတွက်အရစ်ကျငွေပေးချေမှုကိုဘဏ်နှင့်ချိတ်ဆက်ပေးချေနိုင်ရန် ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ “အိမ်ရာပြပွဲ ပြီးတဲ့အချိန်မှာ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက စိတ်ဝင်စားလာတယ်၊ စပြီးစကားပြောနေပြီ ဘာမှတော့ မလုပ်ရသေးဘူးသူတို့အနေနဲ့ ချေးပေးမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ စကားပြောနေပြီ ချေးဖို့တော့ မလုပ်ရသေးဘူး”ဟု ဦးဝင်းဇော်က ပြောသည်။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်အိမ်ရာစီမံကိန်းများကို မကွေး၊ မုံရွာ၊ ပုသိမ်နှင့် မြစ်ကြီးနားမြို့များတွင် အကောင်အထည်ဖော်ဆောက်လုပ်မည်ဖြစ်ရာ အိမ်ရာဝယ်ယူသူများ ချေးငွေရယူမှုပိုမိုလွယ်ကူစေရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲများကိုတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ဦးစားပေး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင် ကပြောသည်။ ဘဏ်ခွဲများကို ယခု( ၂၀၁၅) ခုနှစ်အတွင်း ပုသိမ်၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် ဖွင့်လှစ်သွားရန် စီစဉ်နေပြီး ဘဏ်ဝန်ထမ်းလိုအပ်ချက်အရ ပင်ရင်းဘဏ်မှ ကျွမ်းကျင်ဝန်ထမ်းများအပြင် ဒေသခံဝန်ထမ်းများကိုလည်း ခေါ်ယူခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြို့ ၃မြို့တွင်ယခုနှစ်အတွင်းဖွင့်လှစ်သွားမည့်ဘဏ်ခွဲများသည် ရန်ကုန်၊ မန ္တလေးနှင့် နေပြည်တော်ရှိ ဘဏ်များကဲ့သို့ပင် ဘဏ်ဝန်ဆောင်မှုအားလုံး ရရှိနိုင်မည် ဖြစ်သည်။ Ref : Home & Services
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ