By The Trade Times, Shweproperty.com
Updated at 12 May 2015
အမျိုးသား လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းပြီးစီးပြီး ပြည်သူ့ လွှတ်တော်သို့ ပေးပို့ထားသည့် ကွန်ဒို မီနီယမ်ဥပဒေ မူကြမ်းတွင် နိုင်ငံခြား သားများ၏ ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်ကို အဆောက်အအုံ၏ ၄ဝ ရာခိုင်နှုန်း ကိုသာ ဝယ်ယူပိုင်ဆိုင်ခွင့်ပြုမည် ဖြစ်သည်။
ယင်းဥပဒေမူကြမ်းအရ ကွန်ဒို မီနီယမ်များတွင် နေထိုင်သူမိသားစု များ ယင်းကွန်ဒို ဆောက်လုပ်ထား သည့် မြေနေရာကို အချိုးကျပိုင်ဆိုင် နိုင်ခွင့်နှင့် ပြည်ပမှ လာရောက် နေထိုင်သည့် နိုင်ငံခြားသားများကိုပါ ဝယ်ယူပိုင်ဆိုင်ခွင့် ပြုမည် ဖြစ်သော် လည်း လတ်တလော ကွန်ဒိုဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် ယနေ့ အချိန်တွင် နိုင်ငံခြားသားများ ဝယ်ယူ ပိုင်ဆိုင်ရန်အတွက် တရားဝင်ခွင့် ရရှိ ထားခြင်းမရှိသေးသည့် အပြင် ကွန်ဒို မီနီယမ်ဟု ခေါ်ဝေါ်နေသည့် အဆောက် အအုံများတွင် နေထိုင်သူများ၏ မြေပိုင်ဆိုင်မှုမှာလည်း မြေရှင်များ၏ စီမံခန့်ခွဲမှုအပေါ်၌ မူတည်လျက် ရှိသည်။
”ဒီမှာက အခန်းနည်းနည်း ကျယ်ပြီး ဓာတ်လှေကား တပ်ထား လိုက်တာနဲ့ ကွန်ဒိုဆိုပြီး ရောင်းနေ တယ်။ ကွန်ဒိုတွေက မြေရှင်ရဲ့ သဘောထားမှုအပေါ် မူတည်ပြီး စုပေါင်းပိုင်အဆောက်အအုံ၊ မြေဖြစ် မဖြစ်က မသေချာဘူး။ ကွန်ဒိုဥပဒေ ထွက်လာရင် ဒါတွေ ပြောစရာမလို တော့ဘူး”ဟု အမျိုးသားလွှတ်တော် တွင် ကွန်ဒိုမီနီယမ် ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က မေလ ၄ ရက်တွင် The Trade Times နှင့် သီးခြား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းဥပဒေမူကြမ်းကို ယခုအခါ ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားပြီး မေလ ၁၁ ရက်တွင် ပြန်လည်ကျင်းပ မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ၌ အတည်ပြုနိုင် သည့် အခြေအနေသို့ ရောက်ရှိနေ သည့်အတွက် အေးစက်လျက်ရှိသော မြန်မာအိမ်ခြံမြေဈေးကွက်ကို ကြီးမားသည့် အကျိုးသက်ရောက်မှု များ ရှိလာနိုင်စေမည်ဖြစ်သည်။
ကွန်ဒိုမီနီယမ် ဥပဒေမူကြမ်း တွင် နိုင်ငံခြားသားများကို အဆောက် အအုံတစ်ခုလုံး၏ ၄ဝ ရာခိုင်နှုန်းအား ပိုင်ဆိုင်ခွင့်ပြုမည်ဟု ဆိုထားသော် လည်း မြေညီထပ်များနှင့် ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်ရှိ ကွန်ဒို တိုက်ခန်းများကိုမူ ဝယ်ယူခွင့်ပြုထား ခြင်း မရှိဘဲ စတုတ္ထထပ်နှင့် အထက် အခန်းများကိုသာ ဝယ်ယူရန် ခွင့်ပြု ထားသည်။
ဥပဒေ ထွက်ရှိခြင်း မရှိသေး သော်လည်း လက်ရှိကွန်ဒိုမီနီယမ် အမည်ခံကာ အခန်းများကို ရောင်းချ ထားသော်လည်း မြေနေရာ စွန့်လွှတ် ခြင်းမရှိဘဲ မြေရှင်အဖြစ် ခံယူထား သူများ အများအပြားရှိနေဆဲဖြစ် သဖြင့် ကွန်ဒိုဥပဒေအသစ်ထွက် ပေါ်လာပါက မြေရှင်ဟုဆိုသူများက မြေပိုင်ဆိုင်မှုကို စွန့်လွှတ်ရမည် ဖြစ်ကာ ကွန်ဒိုတိုက်ခန်းနေ အခန်း အရေအတွက်အလိုက် မြေများ ကို အချိုးကျ ပိုင်ဆိုင်စေမည်ဖြစ် သည်။
ကွန်ဒိုဥပဒေသစ် ထွက်ရှိလာ ပါက မြေပိုင်ရှင်များအနေဖြင့် ကွန်ဒို မီနီယမ် အခန်းများကို ဆောက်လုပ် ကာ အများပြည်သူတို့ကို ရောင်းချ မည်ဆိုပါက ကွန်ဒိုမီနီယမ် ဥပဒေ သစ်အရ ပေါ်ထွက်လာမည့် ကွန်ဒို စိစစ်ကြပ်မတ်ရေး အဖွဲ့များထံ ဦးစွာ မှတ်ပုံတင်ထားပြီး မြေပိုင်ဆိုင်မှုကို စွန့်လွှတ်ကာ မြေနှင့်အဆောက်အအုံ အား စုပေါင်းပိုင်အဖြစ် ပြုလုပ်ရန် သဘောတူညီမှသာ ကွန်ဒိုအဖြစ် ရောင်းချနိုင်တော့မည် ဖြစ်သည်။
”နိုင်ငံခြားသားက ဘယ်နှခန်းပဲ ဝယ်ရမယ်လို့တော့ မဆိုလိုထားပေ မယ့် အဆောက်အအုံတစ်ခုလုံးရဲ့ ၄ဝ ရာခိုင်နှုန်းအထိပဲ သူတို့အတွက် ဝယ်ဖို့ ခွင့်ပြုထားတယ်။ တစ်ခုလုံးကို ဝယ်ခွင့်မပေးထားဘူး။ အထပ်နဲ့ အခန်းကို Limited လုပ်ထားတယ်။
အရင် ကွန်ဒိုအဟောင်းတွေလည်း မြေရှင်က စွန့်လွှတ်မှသာ ကွန်ဒို အဖြစ် သတ်မှတ်တော့မှာ ဖြစ်တယ် ”ဟု ¤င်းက ပြောသည်။
ဧပြီလ ၂ ရက်၌ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေသစ် အရ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ကောက်ခံလျက်ရှိ သည့်ဝင်ငွေခွန် နှုန်းထားပမာဏများ ကို လျှော့ချလိုက်ခြင်း၊ ယခင်ကျပ် သိန်း ၃,ဝဝဝ အထက် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် လည်း ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရန် ပြဋ္ဌာန်းထားခြင်းကို ယခုဥပဒေသစ်အရ ကျပ်သိန်း ၁၅,ဝဝဝ အထက် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်မှသာ ဝင်ငွေ ခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် ပြင်ဆင် သတ်မှတ်ခဲ့သည့်အတွက် အေးစက်နေသည့် အိမ်ခြံမြေ ဈေးကွက်အပေါ် အတိုင်းအတာ တစ်ခုအထိ လှုပ်ခတ်မှုများ ရှိလာခဲ့ သည်။
အေးစက်နေသည့် အိမ်ခြံမြေ ဈေးကွက်အပေါ် အခွန်နှုန်းထား လျှော့ချကောက်ခံခြင်း၊ မကြာမီ ပြည် ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းတော့မည့် စုပေါင်းပိုင်သည့် အဆောက်အအုံ ဥပဒေ (ကွန်ဒိုဥပဒေ) ကြောင့်လည်း အိမ်ခြံမြေဈေးကွက် တစ်ကျော့ပြန် အရောင်းအဝယ် ဖြစ်နိုင်သည်ဟု ပြည်တွင်းရှိ အိမ်ခြံ မြေနှင့် ကွန်ဒိုတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်ကြီးများထံမှ သတင်းရ ရှိသည်။
”အခွန်လျှော့လိုက်တာရယ်၊ ကွန်ဒိုဥပဒေသစ်အရ အိမ်ခြံမြေ ကွန်ဒိုရောင်းအားတွေ တက်လာ မယ်လို့ ယုံကြည်ပါတယ်။ ကွန်ဒို ဥပဒေသစ်ကလည်း ကွန်ဒိုတွေ အရောင်းအဝယ်ကောင်းအောင်လို့ ထပ်ဆင့် တွန်းအားပေးလိုက်သလို ပါဘဲ”ဟု မြန်မာနိုင်ငံတွင် နာမည် ကြီး Developer ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Capital Development Company Ltd မှ ဒေါ်ခိုင်မီမီ ကြည်က မေလ ၁ ရက်တွင် The Trade Times ကို ပြောသည်။
ရန်ကုန်၊ မန္တလေး မြို့ကြီးများ တွင် အိမ်ခြံမြေနှင့် ကွန်ဒိုများကို အရောင်းအဝယ် ပြုလုပ်ပါကလည်း တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကာ ပြည် ထောင်စု နယ်မြေဖြစ်သည့် နေပြည် တော်တွင် အရောင်းအဝယ်ပြုလုပ် ပါက တံဆိပ်ခေါင်းခွန် ၃ ရာခိုင်နှုန်း ကို ပေးဆောင်ရမည်ဖြစ်ပြီး ကာလ တန်ဖိုး သတ်မှတ်အဖွဲ့အစည်းများ ၏ သတ်မှတ်ထားသည့် တစ်ပေပတ် လည် နှုန်းထားများအပေါ်တွင် ဝင်ငွေ ခွန်နှင့် တံဆိပ်ခေါင်းခွန်များကို ပေး ဆောင်မှသာ ပိုင်ဆိုင်မှုဆိုင်ရာ အမည် ပြောင်းသည့် လုပ်ငန်းများအား လုပ် ကိုင်နိုင်မည်ဖြစ်ပြီး ဝယ်ယူသူများ တရားဝင် အမည်ပေါက်ပိုင်ဆိုင်ခွင့် ရမည်ဖြစ်သည်။
”အခုအခြေအနေက နိုင်ငံခြား သားက ဝယ်လို့မရတော့ အိမ်ငှားခ ဈေးက တက်မှာပဲ။ နိုင်ငံခြားသားက လည်း များလာလေလေ အိမ်က လိုလေလေ ဖြစ်လာတယ်။ သူတို့ကို ဝယ်ခွင့်ပေးလိုက်ရင်တော့ နှစ်ဦး နှစ်ဖက် အဆင်ပြေနိုင်တယ်”ဟု စီးပွားရေးပညာရှင် ဒေါက်တာကိုကို ကြီးက ပြောသည်။
၂ဝ၁၂ ခုနှစ်မှ စတင်၍ မြန်မာ အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်း များ မြင့်တက်လာခဲ့ပြီး ပြည်တွင်း ပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းများ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကာ ရန်ကုန်မြို့အနှံ့တွင် တည်ဆောက် ရေးလုပ်ငန်းများ အများအပြား ပေါ်ထွက်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြခဲ့သည့် မြို့သစ်စီမံကိန်းကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်း၊ တရား မဝင် ငွေကြေး လွှဲပြောင်းမှုများကို စောင့်ကြည့်မှုများ ရှိလာနေခြင်း၊ အခွန်နှုန်းထားမြင့်မားခြင်းကြောင့် အိမ်ခြံမြေဈေးကွက်တွင် အရောင်း အဝယ်အေးလာကာ ငွေကြေးအင် အားနည်းပါးသည့် ဆောက်လုပ်ရေး လုပ်ငန်းငယ်များ ရပ်တည်ရန်အထိ အခက်အခဲများ ဖြစ်လာခဲ့သည်။
နိုင်ငံခြားသားများကို ကွန်ဒိုများ တွင် ဝယ်ယူရန် ခွင့်ပြုလာနိုင်သော် လည်း မြန်မာအိမ်ခြံမြေနှင့် ဆောက် လုပ်ရေး ဈေးကွက်တွင် အတိုင်း အတာ ပမာဏကြီးကြီးဖြင့် ဝင်ရောက် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား များ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်မှသာ အရောင်း အဝယ်များ သိသိသာသာ တိုးတက် လာစေမည်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သုံးသပ် ပြောဆိုသည်။
”အခွန် လျှော့တာတို့၊ ကွန်ဒို ဥပဒေတို့က အိမ်ခြံမြေနဲ့ ဆောက် လုပ်ရေးလောကအတွက် အလား အလာကောင်းပေမယ့်၊ အင်အားကြီး စီးပွားရေးသမားတွေ ဖြစ်တဲ့ တရုတ် တွေ ဝင်လာမှ ဈေးကွက်က ပြန် ကောင်းလာနိုင်တယ်။ အခုအခြေ အနေကတော့ ဘယ်သူဈေးဖွင့်မလဲ ဆိုတာ စောင့်ကြည့်နေကြတဲ့ အနေ အထားပါ။ ရွေးကောက်ပွဲနီးတော့ အားလုံးကလည်း စောင့်ကြည့်နေ ကြပြီး နိုင်ငံရေးနဲ့လည်း ဆက်စပ်မှု တွေရှိတယ်”ဟု အာရှမင်းအိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်း မင်းခန့်က The Trade Times ကို ပြောသည်။
Ref : The Trade Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ