By 7daydaily, Shweproperty.com
Updated at 25 May 2015
ကွန်ဒိုတိုက်ခန်းအရောင်း အဝယ်များ မြို့တော်ရန်ကုန်၌အေးစက်နေချိန် ပုသိမ်မြို့တွင် ဟောင်ကောင် ကုမ္ပဏီတစ်ခုက ဆောက်လုပ်ရန် စီစဉ်နေသည့် ကွန်ဒိုခန်းများကို ကြိုပွိုင့်ဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း များဈေးထက် ထက်ဝက်နီးပါးဈေးဖြင့် ကြိုပွိုင့်ရောင်းချနေခြင်းဖြစ်သည်။ ပုသိမ်မြို့တွင် တည်ဆောက်မည့် ကန်ဒေါ်လာသန်း ၂၀၀ တန် ကွန်ဒိုတိုက်ခန်း အိမ်ရာစီမံကိန်း သည် မြေ ၁၈ ဧကပေါ်တွင် တည် ဆောက်မည်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး၏ ပထမဦးဆုံး အထပ်မြင့်အိမ်ရာစီမံကိန်းဖြစ် သည်။ ‘‘ဒီဒေသက ဖွံ့ဖြိုးမှုလိုအပ် တဲ့ ဒေသဖြစ်တယ်။ နောက်ပြီး ဒေသကြီးတစ်ခုရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တယ်။ နောက်ပြီး ချောင်းသာ၊ ငွေဆောင်လိုနေရာ မျိုးကိုသွားရင် ဒီနေရာက ဖြတ် သွားရမယ်။ ဒါကြောင့် အရေးပါ တဲ့ စီးပွားရေးအချက်အချာဖြစ် မယ်ထင်လို့ လာရောက်ရင်းနှီး မြှုပ်နှံတာပါ’’ဟု ဟောင်ကောင် H & Co အိမ်ရာကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောသည်။ ပုသိမ်မြို့သည် ရေလမ်းဖြင့် သယ်ယူပို့ဆောင်ရေးအဆင်ပြေခြင်းနှင့် ဂျပန်နိုင်ငံနှင့် မြို့ပြချင်း ချိတ်ဆက်ထား၍ အခွင့်အလမ်းပိုများခြင်း စသည်တို့ကြောင့် လာရောက်ခြင်းဖြစ်သည်ဟုဆိုသည်။ မိုးရာသီအကုန်တွင် တည် ဆောက်ရေးလုပ်ငန်းများ စတင် မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောသည်။ စီမံကိန်းတွင် လုံးချင်းအိမ် ရာ ၂၆ လုံး၊ စုစုပေါင်းအခန်း ၄၁၀ ပါ အဆောက်အအုံပါသည့် ကွန်ဒိုသုံးလုံးနှင့်အတူ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံများ ပါဝင်မည်ဖြစ်သည်။ မြေ ၁၈ ဧကကို လယ်သမားများထံမှတိုက်ရိုက်ဝယ်ခဲ့ပြီး အရှုပ်အရှင်းကင်းကြောင်း၊ ဒေသခံ ကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်အကိုင် ဖန်တီးပေးမည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကဆိုသည်။ ယင်းကွန်ဒိုခန်းကို တစ်စတု ရန်းပေလျှင် ကျပ် ၁၂၀,၀၀၀ နှုန်း ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းစီမံကိန်းအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ ခွင့်ပြုမိန့် တင်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ စီမံကိန်းသည် ဇူလိုင်တွင် မြေသားပြုပြင်ခြင်း လုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘ဒီစီမံကိန်းက လယ်ယာမြေ မှာ ဝင်းကြီးခတ်ပြီးလုပ်နေတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်ပြီး ကန့်ကွက်တာတော့ မကြားမိသေးဘူး’’ ဟု တောင်သူလယ် သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးစန်းလေးက ပြောသည်။ ပုသိမ်တွင် ယခုကဲ့သို့ အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကြိုဆိုကြောင်း နှင့် ကုမ္ပဏီအနေဖြင့်ပေးထား သည့် ကတိအတိုင်းလုပ်ဆောင် နိုင်မှသာ ပုသိမ်မြို့နှင့် ကုမ္ပဏီ အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေ မည်ဖြစ်ကြောင်း ပုသိမ်တက္က သိုလ်မှ နောက်ဆုံးနှစ်ကျောင်း သား ကိုရဲမင်းက ပြောသည်။ ယင်းစီမံကိန်းသည် အထက် ပါဟောင်ကောင် ကုမ္ပဏီအတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ငွေဆောင်တွင်လည်း ကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စီးပွားရေးမြို့တော်တစ်ခုကို ၂၀၁၇ တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
Ref : 7dydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ