By နွယ် (ShweProperty.com), Shweproperty.com
Updated at 27 August 2019
အဆင့်မီတဲ့ ကွန်ဒိုမီနီယံ အဆောက်အအုံဖြစ်မဖြစ် စီစစ်ရန် အိမ်နီးချင်းအာဆီယံနိုင်ငံတွေမှ ပညာရှင်တွေကိုခေါ်ယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ကော်မတီမှသိရပါတယ်။ ဒီနိုင်ငံမှာ ပညာရှင်တွေမွေးထုတ်ဖို့က ချက်ချင်းကြီးဖြစ်ဖို့ခဲယဉ်းတဲ့အတွက်က နိုင်ငံခြားပညာရှင်တွေနဲ့ပဲ အရင်အစပျိုးထားတယ်လို့ဆိုပါတယ်။
ကွန်ဒိုမီနီယံတိုက်ခန်းတွေကို ကွန်ဒိုမီနီယံ အဆောက်အအုံအဆင့်ရှိမရှိ စစ်ဆေးပြီး သတ်မှတ်ချက်နဲ့မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှပယ်ဖြတ်မှာဖြစ်ပြီး စစ်ဆေးရန်ကြံ့ကြာနေချင်းက မြန်မာနိုင်ငံမှာပညာရှင်မရှိသေးလို့ဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှုးချုပ် ဦးမျိုးမြင့်က သြဂုတ်လ ၂၄ ရက်နေ့ကပြောကြားခဲ့တယ်လို့ မြန်မာတိုင်းမ်ကတစ်ဆင့်သိရပါတယ်။
အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုးတွက်ချက်တာရယ်၊ ဘဏ်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်တာ ဒီနှစ်ခုဆောင်ရွက်တာက အခုထိအပြီးသေးဘူး။ နှစ်ခုလုံးပြီးမှတစ်ပြိုင်တည်းစလို့ရမယ်။ ကျွန်တော်တို့မှန်းထားတာကတော့ ဒီသြဂုတ်လောက်ဆိုအဆင်ပြေပြီလို့ထင်တာပဲ။ ဒါပေမယ့် ပြည်ထောင်စုဝန်ကြီးရဲ့သဘောထားလည်း ယူနေရတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းသုးံဖွဲ့ ရဲ့သဘောထားတွေလည်းယူနေရတာရှိလို့ ခန့်မှန်းအားဖြင့် နောက်ထပ်တစ်လလောက်တော့ကြာနိုင်တယ်လို့ ဦးမျိုးမြင့်ကပြောကြားခဲ့တယ်တယ်လို့သိရပါတယ်။
Written By : နွယ် (ShweProperty.com)
Photo Credit : Propertyguru
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ