By The Union Daily, Shweproperty.com
Updated at 5 January 2015
၂ဝ၁၅ ခုနှစ်၌ အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်း ရောင်းလိုအား များပြားလာပြီး ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂ဝဝ ခန့်အရှုံးခံကာ ဈေးလျှော့၍ ရောင်းချ လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ က သုံးသပ်ပြောကြားသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း ကျပ်သိန်း ၃၅ဝဝ၊ ၄ဝဝဝ၊ ၄၅ဝဝ ရှိ ကွန်ဒိုတစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ မှ ၂ဝဝ ဝန်းကျင်အထိ ဈေးလျှော့ကာ ရောင်း ချမှုမျိုးရှိလာကြောင်း သိရသည်။ ''ရောင်းလိုအားကောင်းပြီး ဝယ်လို အားနည်းနေတယ်။ အဲ့ဒီလိုဖြစ်နေတော့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ အနည်းငယ်တော့ ကျလာဖို့ရှိတယ်။ ကွန်ဒိုဈေးကွက်မှာ တော့ ဈေးလျှော့ပြီး ရောင်းချလာတာတွေ တွေ့ရတယ်။ ကျပ်သိန်း ၄ဝဝ၊ ၅ဝဝ ဝန်းကျင် ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ ကတော့ ဝယ်တဲ့သူတွေ ရှိကြပါတယ်။ အဝယ်နည်းနည်းပါးလာတာပဲရှိတယ်'' ဟု ရွှေရာပြည့်အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ မန်နေဂျာဦးမြင့်ဌေးကပြောသည်။ ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းတည်ဆောက်မှုများပြား လာပြီး ၂ဝ၁၅ ခုနှစ်၌ ဈေးကွက်အနေ အထားနှင့် ဈေးနှုန်းများအကျဘက်သို့ ဦးတည်နေပြီး ကွန်ဒိုနှင့်အိမ်ရာ အားလုံးနှင့် သက်ဆိုင်သော မှန်ကန်သည့် ဥပဒေတစ်ရပ် ထွက်ရှိလာမှသာ အိမ်ခြံမြေဈေးကွက် အနေအထားပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ပြည်တွင်း၌ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်၊ရွှေဈေးကွက်နှင့် ဒေါ်လာဈေးကွက်အားလုံးသည် ဈေးကစား၍ မကောင်းသည့် အနေအထားသို့ပင် ရောက်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ် ပြောကြားသည်။ လက်ရှိအိမ်ခြံမြေဈေးကွက် အတွင်း ဈေးနှုန်းများအကျဘက်သို့ ဦးတည်နေ သော်လည်း အငှားဈေးကွက်မှာ ကျဆင်း လာခြင်းမရှိကြောင်း ရွှေရာပြည့် အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျာဦးမြင့်ဌေးက ပြောသည်။ ရန်ကုန်မြို့နေ ပြည်သူများ အတွက် အခြေခံလိုအပ်ချက်ဖြစ်သော အိမ်ရာလိုအပ်လျက်ရှိပြီး အငှားဈေးကွက် တွင် ဈေးနှုန်းများ ထိန်းညှိပေးနိုင်ခြင်းမရှိ ဘဲ အတက်ဘက်သို့သာ ဦးတည်နေသည်ဟု ဆိုသည်။ ''အခုအချိန်မှာတော့ အငှားဈေးကွက် က ကျသွားဖို့မရှိဘူး။ အိမ်ရာလိုအပ်ချက် ကတော့ ရှိတာပေါ့။ ရန်ကုန်မြို့ထဲမှာနေတဲ့ သူ အများစုဖြစ်တဲ့ အစိုးရဝန်ထမ်း၊ပုဂ္ဂလိက ဝန်ထမ်းတွေကတော့ ကန်ထရိုက်တိုက် ခန်းငှားနေကြတာတွေ ရှိတာပေါ့။ အငှား ဈေးကွက်က ဈေးနှုန်းကျသွားဖို့မရှိပါဘူး'' ဟု ဦးမြင့်ဌေးကပြောသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ငှားရမ်းခမှာ တစ်လလျှင် ပေ(၂ဝx ၆ဝ) သစ်သားအိမ်တစ်လုံးလျှင် ငှားရမ်းခ ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ပေ ၂ဝx ၆ဝ နှစ်ခန်းတွဲကို ငှားရမ်းခကျပ်ငါးသောင်း ဝန်းကျင်ရှိကြောင်း၊ ပေ(၁ဝx၆ဝ) လုံးချင်း အိမ်ဆိုလျှင်ငှားရမ်းခများမှာ ကျပ်ခြောက် သောင်းဝန်းကျင်ရှိကြောင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရ သည်။ တောင်ဥက္ကလာပမြို့နယ်ရှိ ငှားရမ်းခ တစ်လလျှင် ကန်ထရိုက်တိုက်ခန်း (၁၅x ၅၅)ပေတိုက်ခန်း ပထမထပ်ကို ကျပ် ၂၂ဝဝဝဝ ဝန်းကျင်ရှိပြီး ဒုတိယထပ်ကို ကျပ် ၂ဝဝဝဝဝ၊ တတိယထပ်တစ်ခန်းလျှင် ကျပ် ၁၈ဝဝဝဝ ဝန်းကျင်ရှိကာ စတုတ္ထ ထပ်မှာ တစ်ခန်းလျှင် ကျပ် ၁၅ဝဝဝဝ ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်တို့တွင် စတုတ္ထ ထပ်ကိုပင် ငှားရမ်းခ ကျပ် ၂ဝဝဝဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။
Ref : The Union Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ