By The Fifth Wave News, Shweproperty.com
Updated at 8 April 2019
နိုင်ငံခြားသားများသို့ကွန်ဒိုရောင်းချခွင့်ကို
လာမည့်ဇွန်လအတွင်းစတင်ခွင့်ပြုနိုင်မည်ဟုမျှော်မှန်းထားကြောင်းရန်ကုန်တိုင်းဒေသကြီးစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏အဖွဲ့ဝင်ဖြစ်သူဦးမျိုးမြင့်ကပြောသည်။
ယခုလ၆ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီး၊စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီတည်ထောင်သူလုပ်ငန်းလိုင်စင်ပေးအပ်ပွဲအခမ်းအနားတွင်၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။
"ကွန်ဒိုဥပဒေအသစ်မှာနိုင်ငံခြားသားပိုင်ဆိုင်မှုက၄၀ရာခိုင်နှုန်းအထိမြေရော၊အိမ်ရောရောပြီးပိုင်ဆိုင်နေတာပါ။သူ့အနေနဲ့ပြန်ရောင်းချခွင့်ရှိတယ်။ဒါကိုအထူးဥပဒေအနေနဲ့ပြဌာန်းပေးပြီးတော့နိုင်ငံခြားသားကလည်း၄၀ရာခိုင်နှုန်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့်လည်းတစ်ခုရှိတာကမြေဆိုပေမယ့်လည်းနိုင်ငံခြားသားကကွန်ဒိုတည်ရှိနေသရွေ့ပဲပိုင်ဆိုင်ခွင့်ရတဲ့သဘောဖြစ်တယ်။နောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ပြိုသွားရင်လည်းပြန်ဆောက်ပြီးတော့နိုင်ငံခြာသားပိုင်ဆိုင်ခွင့်ရမယ်။ဥပဒေကိုအကြိမ်ကြိမ်ကျွန်တော်တို့တော်တော်လေးပြင်ဆင်ခဲ့ရပါတယ်။ဒါကြောင့်မို့လည်းဒီလောက်ကြန့်ကြာသွားတာဖြစ်ပါတယ်"ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံတွင်နိုင်ငံခြားသားများသို့ကွန်ဒိုအဆောက်အအုံတစ်လုံး၏၄၀ရာခိုင်နှုန်းရောင်းချခွင့်ကို၂၀၁၆နှစ်ကုန်ပိုင်းတွင်တရားဝင်ဥပဒေပြဋ္ဌာန်းခဲ့သော်လည်းလုပ်ထုံးလုပ်နည်းပိုင်းတွင်ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်နေရခြင်းကြောင့်ယခုအချိန်အထိနိုင်ငံခြားသားများသို့ရောင်းချခွင့်မရရှိသေးခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
လက်ရှိပေါ်ထွက်လာသည့်ဥပဒေသစ်အရနိုင်ငံခြားသားများသို့၄၀ရာခိုင်နှုန်းရောင်းချခွင့်ပေးမည်ဖြစ်၍ကွန်ဒိုဈေးကွက်တွင်၄၀ရာခိုင်နှုန်းခန့်အရောင်းအဝယ်ပိုများလာနိုင်မည်ဟုမျှော်လင့်ရကြောင်းအိမ်ခြံမြေအကျိုးဆောင်အချို့ကပြောဆိုသည်။
ကွန်ဒိုတိုက်ခန်းများနှင့်ပတ်သက်၍လက်ရှိတွင်စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူလိုင်စင်များချပေးနေပြီးစုပေါင်းပိုင်အဆောက်အအုံခွင့်ပြုမိန့်နှင့်မှတ်ပုံတင်ခြင်းတို့ဆက်လက်ဆောင်ရွက်ပြီးလျှင်နိုင်ငံခြားသားများသို့ရောင်းချခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်ကွန်ဒိုတည်ဆောက်ခွင့်လိုင်စင်ကိုပြည်တွင်း၊ပြည်ပကုမ္ပဏီ၂၄ ခုကရရှိထားကြောင်းသိရသည်။
Ref : The Fifth Wave News
Photo Credit : homefinderbangkok
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ