By The Trade Times, Shweproperty.com
Updated at 16 June 2015
၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်ပြလာသည့် (စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ မူကြမ်း) ပါ အချက်အလက်များတွင် ကွဲလွဲမှုရှိသဖြင့် ယင်းဥပဒေ တင်ပြ လာမှုကို ဆောက်လုပ်ရေးဝန်ကြီး ဌာနဘက်မှ ပြန်လည်၍ ဆိုင်းငံ့ခဲ့ ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဇွန်လ ၈ ရက်၌ The Trade Times ကို ပြောသည်။
”မြေဆိုတာက မှတ်ပုံတင်ရ မယ်။ နိုင်ငံခြားသားနာမည်နဲ့ မှတ်ပုံ တင်လို့ မရဘူးလေ။ မရွှေ့ပြောင်း နိုင်တဲ့ ဥပဒေ Property act ပုဒ်မ ၃ နဲ့ ၄ မှာလည်း နိုင်ငံခြားသားကို ပိုင်ဆိုင်ခွင့် မပြုထားဘူး။ ကျွန်မတို့ မြန်မာပြည်မြေကို တစ်လက်မမှ နိုင်ငံခြားသား ပိုင်လို့ကို မရဘူးလို့ ပြန်ဆွေးနွေးတော့ ဝန်ကြီးဌာနဘက် က အင်ဂျင်နီယာအသင်းနဲ့ အိုးအိမ် တို့၊ စည်ပင်တို့နဲ့ ပြန်ဆွေးနွေးပြီး တင်ပြမယ်လို့ ပြောသွားပါတယ်” ဟု ¤င်းက ပြောသည်။
၁၉၈၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ပုဒ်မ ၁၄ အရ နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်အား ကန့်သတ်ထား သည့်အပြင် ဖောက်ဖျက်ကျူးလွန် ပါကလည်း ထောင်ဒဏ်ခုနစ်နှစ် အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား ရှိသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့ သည့် ၂ဝ၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက် အခန်း (၃) ပါ ပြဋ္ဌာန်းချက်တွင်လည်း နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာန၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များ၊ ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင် သည့် ပစ္စည်းလွှွဲပြောင်းသည့် ဥပဒေ ပုဒ်မ ၁၄ နှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ၊ အစိုးရဌာန၊ အဖွဲ့ အစည်းတစ်ရပ်ရပ်၏ အကျိုးတူ ကိစ္စရပ်များအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံသူများအပြင် မြန်မာ နိုင်ငံသားများနှင့် အကျိုးတူ ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများသာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်း ထားသည်။
၂ဝ၁၂ မြေယာဥပဒေပါ ပြဋ္ဌာန်း ချက်အရလည်း ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရုံသာမက ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။
”နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိဘူးဆိုတာ MIC Law မှာရော၊ ၂ဝ၁၂ မြေယာ ဥပဒေမှာလည်း အတိ အကျ ပြဋ္ဌာန်းထားတာရှိတယ်။ ကွန်ဒို Law မှာကျတော့ ဝယ်တဲ့သူက မြေကို တစ်စိတ်တစ်ပိုင်း ပိုင်ခွင့် ရှိတော့ သွားတိုက်နေတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော်အကြားတွင် သဘော ထား ကွဲလွဲနေသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးနှင့် ဒေါ်ခင်စန်းလှိုင် တို့က ဆွေးနွေးခဲ့ကြပြီးနောက် ၎င်း ဥပဒေကြမ်းကို တင်ပြလာသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်မှ ပြန်လည် ပြင်ဆင်တင်ပြမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဇွန်လ ၃ ရက်တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၅၄ ရက်မြောက်နေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များ က အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်နာရီကျော် ဆွေးနွေးခဲ့ကြပြီး နောက် ယင်းစုပေါင်းပိုင် အဆောက် အအုံ ဥပဒေကြမ်းကို ပြန်လည် တင်ပြရန် ပြင်ဆင်သွားမည်ဖြစ်သည့် အတွက် လတ်တလောအနေအထား အရ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
”ကွန်ဒို Law ကျတော့ မြေနဲ့ တိုက်ခန်းနဲ့ တွဲရောင်းတဲ့ သဘော ဖြစ်ပြီး နိုင်ငံခြားသားကို ရောင်းချင် တာ။ ပြဿနာက ဥပဒေအရ နိုင်ငံခြား သားက မြေပိုင်ခွင့်မရှိဘူး။ နိုင်ငံခြား သားကို တစ်လက်မလည်း မြေရောင်း လို့ မရသလို တစ်မှုန်တောင် ရောင်းလို့ မရဘူး”ဟု တော်ဝင်မိသားစု ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုထွေးက ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ