By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 23 August 2017
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတိုးပွားလာမှုနဲ့ အတူ၊ မြေ နဲ့ အိမ်နှစ်ခုလုံးကို ပူးတွဲပိုင်ဆိုင်ခွင့်ရမယ့်ကွန်ဒိုမီနီယံ နည်းဥပဒေကို စက်တင်ဘာလအတွင်းမှာ အတည်ပြုထွက်ရှိနိုင်တော့မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ဆောာက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က Shwe Property ကို ပြောပါတယ်။
သြဂုတ်လအတွင်းမှာ အတည်ပြုနိုင်မယ်လို့ ယခင်က ယာယီခန့်မှန်းထားပေမယ့် နောက်ထပ်တစ်လခန့် ထပ်မံနောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။ “လက်ရှိအချိန်မှာ ရှေ့နေချုပ်ရုံးကို ပို့ဆောင်ထားပါတယ်။ နောက်အပတ်လောက်ထဲမှာ ဌာနကို ပြန်လည်ရောက်မှာဖြစ်ပြီး၊ အစိုးရရုံးကို ပို့ဆောင် အတည်ပြုရမယ့် လုပ်ငန်းစဉ်အရ စက်တင်ဘာလထဲမှာ ထွက်နိုင်မယ် ထင်တယ်” လို့ ဦးမင်းထိန်က ဆိုပါတယ်။
နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူခွင့်ရမယ့်အချက်ဟာ ကွန်ဒိုမီနီယံဥပဒေရဲ့ အသက်ဖြစ်ပြီး၊ ဒီဥပဒေအရ ကွန်ဒိုရဲ့ အထပ်(၆)ထပ်မှာရှိတဲ့ အခန်းတွေထဲက (၄၀)ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားရဲ့ နာမည်ပေါက် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ကွန်ဒိုအဆောက်အဦးတစ်ခုဖြစ်ဖို့ဆိုရင် မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။ မြေဧရိယာ အနည်းဆုံး စတုရန်းပေ (၂၀၀၀၀)နှင့်အထက်ရှိရမှာ ဖြစ်ပြီး အထပ်အနေနဲ့ (၆)ထပ်ကျော်လွန်မှသာ ကွန်ဒိုတစ်ခုအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။
ရောင်းသူနဲ့ဝယ်သူကြား ကုမ္ပဏီသတ်မှတ်ချက်စာချုပ်အပြင် ကွန်ဒိုမီနီယံဥပဒေပါ အချက်တွေကို အသုံးပြုလို့ မရသေးတာမို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ လိုင်စင်ရ အကျိုးဆောင်တွေအနေနဲ့ အခက်အခဲတစ်ချို့ ရင်ဆိုင်နေရပါတယ်။
ဒီဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ် ပြီး လက်ရှိအချိန်မှာ နည်းဥပဒေထွက်ရှိဖို့ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Ra Wai (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ