By Myanmar Builders Guide, Shweproperty.com
Updated at 15 January 2019
ကွန်ဒိုမီနီယံတည်ဆောက်မည့် ကန်ထရိုက်တာများအနေဖြင့် ကွန်ဒိုဆောက်လုပ်ခွင့် သီးသန့်လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ကြောင်း စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာမှတ်ပုံတင်ရုံးမှ သိရသည်။
ကွန်ဒိုမီနီယံဥပဒေ၊ နည်းဥပဒေများထွက်ရှိပြီးနောက် အဆိုပါဥပဒေများ အသက်ဝင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းများဆောင်ရွက်ရန်အတွက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ "'ဒီရုံးမှာက အသစ်ဆောက်တဲ့ကွန်ဒိုရော၊ ဒီဥပဒေမတိုင်ခင်က ဆောက်ထားဆဲ၊ ဆောက်ထားပြီး အဆောက်အအုံတွေကိုရော စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို)နဲ့ မှတ်ပုံတင်ရမယ်။ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါကျရင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်ကြေးကို ပေးသွင်းရမယ်" ဟု စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာမှတ်ပုံတင်ရုံးမှ မှတ်ပုံတင်အရာရှိ ဦးဝေစံသိန်းက ပြောသည်။
လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းလိုအပ်ချက်များကို မှတ်ပုံတင်ရုံးတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုဆောက်လုပ်ခွင့်သီးသန့်လိုင်စင်သက်တမ်းမှာ ငါးနှစ်သတ်မှတ်ထားပြီး သက်တမ်းပြည့်ပါကလည်း သက်မှတ်နှုန်းထားပေးဆောင်ကာ ထပ်မံသက်တမ်းတိုးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မှတ်ပုံတင်ရုံး၌ လုပ်ငန်းလိုင်စင်လျှောက်ထားရန် လျှောက်လွှာထုတ်ယူသူ ၄၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ