By ဖြိုးစန္ဒာ၊သင်းသန္တာဇော်, Shweproperty.com
Updated at 2 April 2013
နေရာအချို့မှာ ပဋိပက္ခဖြစ်ပွားမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာမှာ အပြောင်းအလဲ အနည်းငယ်ဖြစ်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တချိုထံက သိရပါတယ်။
"အခြေအနေတွေက မကောင်းတော့ အရောင်းအဝယ်က ပုံမှန်လေးသွားနေတယ်၊ လာဝယ်တဲ့လူတွေကျတော့လဲ လူမျိုးကို အရင်မေးကြတယ်၊ ဘာသာခြားဆို မရောင်းဘူးဆိုပြီး ရှိလာတယ်" လို့ အိမ်ခြံမြေအကျိုးဆောင် ဦးအေးမြင့်က ပြောပါတယ်။
ယခုရက်ပိုင်း လူမျိုးရေး ပဋိပက္ခတွေ အနည်းငယ်ရှိလာတာကြောင့် အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ တချို့ကလည်း ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဌားမယ်ဆို လူကြည့်တယ် ‘အခုလက်ရှိတော့ ပဋိပက္ခအသံတွေကြောင့် ဌားမယ့်လူနဲ့ လူဦးရေကို ပိုပြီး ကြည့်လာတယ်’လို့ အိမ်ခြံမြေအကျိုးဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
မြို့နယ်တချို့မှာ အရောင်းအဝယ်အပြင် အဌားပိုင်းမှာပါလူမျိုးကြည့်ပြီး ဌားကြ ရောင်းကြတာတွေ ရှိလာတယ်။ဒါအပြင် တချို့ လူမျိုးခြားတွေက ဝယ်ချင်တဲ့အခါမှာ တစ်ဆင့်ခံထားပြီး အရောင်းအဝယ်ပြုလုပ်တာမျိုးတွေလည်း ရှိနေပါတယ်။ရောင်းချင်တဲ့သူတွေကတော့ မိမိခြံကွက်ကို ဈေးများများပေးပြီးဝယ်ရင် အရောင်းအဝယ် တန်းလုပ်တာမျိုးတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
Ref : ကုမုဒြာသတင်းဂျာနယ်
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ