By myanmar property, Shweproperty.com
Updated at 23 July 2013
မြေပိုင်ရှင်နှင့် ဆောက်လုပ်သူ ကန်ထရိုက်ကြား ဖြစ်ပွားသည့် ပြဿနာများကြောင့် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဆောက်လက်စ အဆောက်အအုံနှင့် တည်ဆောက်မှုလုပ်ငန်းများ ရပ်နားထားသည့် တိုက်အလုံးရေ တစ်ရာကျော်အထိ ရှိကြောင်း ‘ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)’မှ သတင်းရရှိသည်။
အဆောက်အအုံတစ်ခုလုံး စတင် ဆောက်လုပ်သည်နှင့် တည်ဆောက်လိုသည့် အထပ်အမြင့် အရေအတွက်၊ ဆောက်လုပ်မည့်ပုံစံ တို့ကို မြေပိုင်ရှင်နှင့် ကန်ထရိုက်တို့၏ သဘောတူညီချက်ဖြင့် မြို့တော်စည်ပင်သို့ တင်ပြထားရှိရပြီး ခွင့်ပြုချက်ရရှိမှ တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ အဆောက်အအုံ တည်ဆောက်နေစဉ်အတွင်း မြေပိုင်ရှင်နှင့် ကန်ထရိုက်တို့အကြား သဘောတူညီထားသည့်ပုံစံ ပျက်ပြားကာ ပြဿနာများ ဖြစ်ပွားသည့်အတွက် တည်ဆောက်မှုလုပ်ငန်းများ ရပ်နားထားသည့် အဆောက်အအုံနှင့် တိုက်အလုံးရေ တစ်ရာကျော်အထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဌာနကို တင်ထားတုန်းကတော့ သူတို့သဘောတူညီလို့ ဆောက်ဖို့ တင်ကြတယ်၊ ဒါပေမဲ့ ဆောက်နေစဉ် အတောအတွင်းမှာ မြေပိုင်ရှင်ကလည်း ဒီပုံစံမလိုချင်ဘူး၊ ကန်ထရိုက်ကလည်း ဒီအတိုင်းပဲ ဆောက်မယ်လို့ ပြောထားတုန်းက အခန်းရေကတစ်မျိုး၊ အခုကတစ်မျိုး ဖြစ်တော့ ပြဿနာတွေ ဖြစ်ကုန်ကြရော၊ အဲဒီတော့ အမှုရင်ဆိုင်ရတာနဲ့ ဆိုတော့ ကြာကုန်တာနဲ့ အဆောက်အအုံဆောက်တာကို ရပ်ထားလိုက်ရတယ်”ဟု ‘မြို့တော်စည်ပင်၊ အဆောက်အအုံဌာန’မှ ဒုတိယဌာနမှူး က ပြောသည်။
မြေရှင်နှင့် ကန်ထရိုက်ကြား ပြဿနာများကြောင့် အဆောက်အအုံ တည်ဆောက်ချိန်များ မလိုလားအပ်ဘဲ ကြာမြင့်ခြင်းများရှိလာပြီး မြေရှင်နှင့် ကန်ထရိုက်တိုက်အပြင် တိုက်ခန်းအား ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူထားသူများလည်း ထိခိုက်နစ်နာမှု များစွာရှိနေကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ