By The Trade Times, Shweproperty.com
Updated at 10 June 2015
တိုက်ခန်း၊ ကွန်ဒိုဝယ်ယူသူတို့ အနေဖြင့် အဓိက သိရှိသည်မှာ ဆောက်လုပ်ရေး ကုမ္ပဏီကိုသာ ဖြစ် သဖြင့် ကုမ္ပဏီများက မိမိတို့လုပ်ငန်း ပုံရိပ် မထိခိုက်စေရန်လုပ်ငန်း စတင် လုပ်ဆောင်ကတည်းက စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့် အိမ်ခြံမြေကျွမ်းကျင်သူ များက ပြောသည်။
”ဆောက်မယ့်မြေမှာ ကုမ္ပဏီ တစ်ခုက ဆိုင်းဘုတ်ထောင်ထားမယ် ဆိုရင် ဝယ်သူတွေက မြေရှင်က ဘယ် သူ၊ ဘယ်လိုစံချိန်စံညွှန်းနဲ့ ဆောက် မယ် ဆိုတာ မသိဘဲ ကုမ္ပဏီကိုပဲ သိကြတယ်။ ပြဿနာ ဖြစ်လာလို့ ရှိရင် ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း တာဝန်ယူသင့်တယ်။ BCC ကျပြီး လူနေတဲ့ တိုက်တွေလည်း နောက် ပိုင်း အက်ကွဲတာတွေ၊ မြေကျွံတာ တွေ ဖြစ်လာတယ်။ ဈေးကွက်တင် မဟုတ်ဘူး။ ပြည်သူလူထုပါ ထိခိုက် ပါတယ်။ တိုက်တွေ ဆောင်းလာ တာတွေအထိ ဖြစ်လာတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း အမှုဆောင် ဦးမောင် မောင်က ပြောသည်။
တိုက်ခန်း၊ ကွန်ဒိုများကို တည် ဆောက်ရောင်းဝယ်ရာတွင် မြေနှင့် အခန်းပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်း များ၊ ကန်ထရိုက်တာ၊ မြေရှင်နှင့် ကြိုပွိုင့်အခန်း ဝယ်ယူထားသူများ အကြား ဖြစ်ပွားလျက်ရှိသည့် အရှုပ် အရှင်း ပြဿနာများကြောင့် အိမ်ခြံ မြေ ဈေးကွက်တွင် ဝယ်သူများ၏ ယုံကြည်မှု ကျဆင်းလာရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သတင်း ရရှိသည်။
”ပိုင်ဆိုင်မှုကလည်း Clear မဖြစ်တာများပြီး အခန်းတစ်ခန်းကို သူကနေ သူ၊ သူကနေ အခြားတစ်ဦး ကို ပုံစံအမျိုးမျိုးနဲ့ လှည့်ပတ်တာတွေ၊ မဟုတ်တာတွေ လုပ်တာလည်း တော်တော်များများ တွေ့လာရ တယ်။ ဒါတွေက လုံးဝမဖြစ်သင့် တဲ့ ကိစ္စတွေဖြစ်ပြီး ဝယ်သူတွေရဲ့ ယုံကြည်မှုကိုလည်း ကျဆင်းစေ တယ်။ customer တွေကလည်း အထင်သေးလာကျတဲ့ ကိစ္စရပ်တွေ ဖြစ်လာတယ်”ဟု ၎င်းက ပြော သည်။
တိုက်ခန်း၊ ကွန်ဒိုများကို အကျိုး တူ ဆောက်လုပ်ရာတွင် မြေရှင်နှင့် ကန်ထရိုက်တာများအကြား အရှုပ် အရှင်းများ အများအပြား ဖြစ်ပေါ် နေသကဲ့သို့ ငွေကြေးအင်အား တောင့်တင်းမှု နည်းပါးကာ ကြိုပွိုင့် စနစ်ဖြင့် ရောင်းချရမည့် ငွေကြေးများ ကို မျှော်ကိုးကာ ဆောက်လုပ်မှုများ အများအပြား ရှိနေခြင်းကြောင့် ယခု ကဲ့သို့ အရောင်းအဝယ် ရုတ်တရက် အေးသွားသည့် အချိန်တွင် ယင်း ကန်ထရိုက်တာအများစုမှာ ဆောက် လုပ်ဆဲ တိုက်ခန်းကွန်ဒိုများကို အပြီး သတ် ဆောက်လုပ်နိုင်ရန်နှင့် လုပ်ငန်း များလည်ပတ်ရန်အတွက် တိုက်ခန်း များကို အပေါင်ထားကာ အချင်းချင်း ငွေလှည့်သည့် ဖြစ်စဉ်များ၊ အခန်း တစ်ခန်းကို ဝယ်ယူသူ သုံး၊ လေးဦး အား ရောင်းချထားသည့် ပြဿနာ များအပြင် မြေရှင်များထံမှ ရယူထား သည့် မြေပိုင်ဆိုင်မှု အထောက် အထားများကိုပါ ပေါင်နှံသည့် ဖြစ်စဉ် ဖြစ်ရပ်များကြောင့် တရားစွဲဆိုမှုများ အများအပြား ပေါ်ထွက်လာသလို တစ်ဖက်တွင်လည်း တိုက်ခန်း၊ ကွန်ဒို ဝယ်ယူသူများအကြားတွင်လည်း ဆောက်လုပ်သည့် ကန်ထရိုက်တာ များ၊ Developer များအပေါ် ယုံကြည်မှုကျဆင်းလာစေခဲ့သည်။
မြေပိုင်ဆိုင်မှု အခိုင်အမာ (ဂရန်) ပြသနိုင်ခြင်းမရှိသည့် မြေကွက်များ ကို စည်ပင်သာယာရေးကော်မတီမှ အမြင့်ဆုံး သုံးထပ်သာ ဆောက်လုပ် ရန် ခွင့်ပြုပေးထားသော်လည်း ကန်ထရိုက်တာများနှင့် မြေရှင်များ က နားလည်မှု ရယူကာ penthouse များ ထည့်သွင်း၍ တည် ဆောက်ခြင်း၊ ယင်း penthouse အခန်းများကို အလုံခန်းများအဖြစ် ပြောင်းလဲကာ အများပြည်သူတို့ကို တိုက်ခန်းအသွင်ဖြင့် ရောင်းချခြင်း စသည့် ဖြစ်စဉ်များ ရန်ကုန်မြို့အနှံ့ တွင် အများအပြား ဖြစ်ပေါ်နေသဖြင့် မူလ စည်ပင်သာယာက သတ်မှတ် ထားသည့် အထပ်မြင့်အထိကိုသာ ခွင့်ပြုပေးသည့် စနစ်ဖြင့် ထိန်းချုပ် ရန် လိုအပ်လျက်ရှိသည်။
”မြေရှင်က ခွင့်ပြုမိန့် လျှောက်ဖို့ ဂရန်ကို ကန်ထရိုက်ရဲ့လက်ထဲ အပ် ထားတာကို ပေါင်ထားတာတို့၊ မြေ ရှင်ရမယ့် အခန်းကို တစ်ဖက်လှည့်နဲ့ ရောင်းတာတို့၊ ဆက်မဆောက်ချင် သေးလို့ အချိန်ဆွဲတာတို့၊ အတိုးနဲ့ လှည့်ပြီး အခန်းတွေကို ပေါင်ထား တာတို့ အများကြီး ဖြစ်နေတယ်။ အပြန်အလှန် တရားစွဲဆိုမှုတွေ၊ တရားမမှုနဲ့ ဆွဲထားတွေလည်း အများ ကြီးရှိနေလို့ ဝယ်မယ့်သူတွေက အခန်းဝယ်ဖို့နဲ့ တော်တော်စဉ်းစား လာရတဲ့ အခြေအနေကို ရောက်နေ ပြီ”ဟု High Way Star အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာဦးမောင်အောင် က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ