By The Voice, Shweproperty.com
Updated at 22 February 2012
ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အထပ်မြင့် အဆောက်အအုံများတွင် ယာဉ် ရပ်နားရန်နေရာ ထည့်သွင်းရ မည်ဆိုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ညွန်ကြားချက်ကို ကန်ထရိုက်တာ များနှင့် မြေပိုင်ရှင်များက ကန့်ကွက်ထားကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က အဆိုပါြ ညွန် ကြားချက်ကို ၎င်းတို့ကန်ထရိုက်တာများသို့ တရားဝင်ကြိုတင်အသိပေးခြင်းမရှိဘဲ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင်မှသာ သိရှိရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက ဆောက်လုပ်ခွင့် ဒီဇိုင်းပုံစံတင်ထားသည့် အဆောက်အအုံများကို ကင်းလွတ်ခွင့်ပြု သင့်ကြောင်း ဆန်းဆောက်လုပ်ရေးဥကဌ ဦးမောင်မောင်ကျော်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ွှThe Voice Weekly သို့ ပြောကြားသည်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အိမ်ဖျက်ခွင့်ရရှိခဲ့ပြီး အဆောက်အအုံသစ်ဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ယခု ညွန် ကြားချက်အသစ်ကြောင့် ဆောက်လုပ်ခွင့်မကျဖြစ်နေကြောင်း စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းမှ မြေပိုင်ရှင် ဒေါ်မြမြနွယ်က ပြောဆိုသည်။
လေးထပ်နှင့်အထက်အဆောက်အအုံများ ဆောက်လုပ်ရာတွင် အဆောက်အအုံ၏ ဘေးပတ်လည်၊ မြေအောက်နှင့် မြေညီထပ် စသည့် တစ်နေရာရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းဆောက်လုပ်ရမည်ဖြစ်ပြီး ယင်းစီမံကိန်း စတင်ဆောင်ရွက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဆောက်လုပ်ခွင့်လျှောက်ထားသူများ၊ ဆောက်လုပ်ခွင့် လျှောက်ထားဆဲများ အကျုံးဝင်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာ ဌာန (အဆောက်အအုံ) အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားသည်။
ကန်ထရိုက်တာများ၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ွှThe Voice Weekly က အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ အကြိမ်ကြိမ် သွားရောက်တွေ့ဆုံမေးမြန်းရန် ကြိုးစားသော်လည်း တွေ့ဆုံခွင့်မရခဲ့ပေ အထပ်မြင့်အဆောက်အအုံများတွင် ယာဉ်ရပ်နားရန်နေရာအတွက် မြေနေရာချန်လှပ်ထားရမည်ဆိုသည်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၁၁/၉ဝ ထုတ်ပြန်ပြီးနောက် အဆောက်အအုံဆောက်လုပ်ရာတွင် လိုက်နာရမည့်အချက်များတွင် ပါဝင်သော်လည်း ယခင်က ထိုသတ်မှတ်ချက်အတိုင်း စိစစ်မှုမရှိခဲ့ပေ။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ