By mmtimes, Shweproperty.com
Updated at 10 March 2015
၂၀၁၂ ခုနှစ်မှ စတင်၍ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာသဖြင့် လူအများစုနှစ်သက်ခဲ့ သော ကြိုပွိုင့်ဈေးကွက်သည် အခြားအိမ်ခြံမြေဈေးကွက်များနည်းတူ အရောင်းအဝယ်ကျဆင်းလာကာ ကန်ထရိုက်တိုက် ဆောက်လုပ်သည့်လုပ်ငန်းများလည်း နည်းပါးလာပြီး၊ ကန်ထရိုက်များ ငွေကြေး အကျပ်အတည်းကြောင့် အချို့နေရာများတွင် ထွက်ပြေးတိမ်း ရှောင်မှုများပါ ရှိလာကြောင်း တိုက် ခန်းဝယ် ယူထားသူများက ပြောသည်။
ကြိုတင်ဝယ်ယူခြင်းဖြင့် အမြတ်အများစုရရှိနိုင်သဖြင့် တိုက်ခန်းဈေး ကစားလိုသူများ နှင့် ငွေကြေး ကို တစ်လုံးတည်းမပေးနိုင်သူများ က အရစ်ကျပေးနိုင်သည့် အားသာချက်များ ရှိခြင်း၊ တိုက်ခန်းပြီး မှဝယ်ယူခြင်းထက် ကြိုပွိုင့် ကြိုတင်ဝယ်ယူခြင်းက ဈေးသက်သာသဖြင့် ယခင်က ကြိုပွိုင့်ဈေးကွက် မှာ အားကောင်း လာခဲ့သည်။
ကြိုပွိုင့်ဈေးကွက် ဝယ်လိုအားကောင်း ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအများ စုသည် ကြိုပွိုင့်ရောင်းချခြင်းဖြင့် လုပ်ငန်း ကောင်းစွာလည်ပတ်နိုင်ခဲ့သည်။ အများအား ဖြင့် ဆောက် လုပ်မည့်တိုက်၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ကြိုပွိုင့်ရောင်းချခြင်းဖြင့် ရောင်းထွက်သွားခြင်းကြောင့် ကန်ထရိုက်များသည် ငွေပင်ငွေရင်း အများအပြား စိုက်ထုတ်စရာမလိုပေ။ သို့သော် လက်ရှိတွင် ကြိုပွိုင့်အရောင်း အဝယ်များကျဆင်းလာခြင်းနှင့် ကန်ထရိုက် အများစုသည် တစ်ပြိုင်တည်း ကန်ထရိုက် တိုက် အလုံးပေါင်းများစွာကို တစ်ပြိုင်တည်းတည်ဆောက်ခြင်းကြောင့် ငွေအကျပ် အတည်း များဖြစ်ပေါ်လာကာ ဝယ်လက်မရှိသဖြင့် ငွေ မပေါ်ခြင်းတို့ကြောင့် လုပ်ငန်းကို ဆက် လက် လုပ်ကိုင်နိုင်စွမ်းမရှိသည့် အခြေအနေများ ကြုံလာကြသည်။
ထို့ကြောင့် အချို့ကန်ထရိုက် များမှာ ဆက်လက်ဆောက်လုပ်ခြင်း မပြုနိုင် တော့ပဲ ထွက်ပြေး တိမ်းရှောင်သူများလည်း ရှိလာကြသည်။ "ကျွန်တော်တို့လမ်းမှာဆို တချို့အိမ်တွေ ကို ကန် ထရိုက်တွေက ဆက်မဆောက်တော့ ဘူး။ ကျွန်တော့တိုက်တောင် ကန်ထရိုက်က ဆက် မဆောက်တော့ဘူး။ လာလည်းမလာတော့ဘူး" ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်ချစ်က ပြောသည်။
ကန်ထရိုက်များ ထွက်ပြေးတိမ်းရှောင်မှု များကြောင့် ဆောက်လုပ်ဆဲတိုက်များမှာ အပြီး သတ်နိုင်ခြင်း မရှိခြင်းကြောင့် နစ်နာမှု များ ကြုံတွေ့ရကြောင်း အိမ်ရှင်များနှင့် အခန်း ကြိုပွိုင့်ဝယ် ယူထားသူများက ပြောသည်။ "ကျွန်မ တိုက်ခန်းဝယ်ထားတယ်။ ငွေတော့ အကြေမချေရသေး ပါဘူး။ ဒါပေမဲ့ တိုက်က မပြီးသေးဘူးလေ။ နေထိုင်ခွင့်ကလည်း မကျ သေးတော့ တက်နေလို့ လည်း မရဘူး။ ကန်ထရိုက်ကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး" ဟု ကြိုပွိုင့်တိုက်ခန်း ကြို တင်ဝယ်ယူထားသူ မအေးမာက ပြောသည်။
ရန်ကုန်စည်ပင်နယ်နိမိတ်တွင် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ထားသည့် အဆောက် အအုံ စုစုပေါင်း နှစ်ထောင်ကျော်ရှိနေပြီး ယင်းတို့အနက် တစ်ဝက်ကျော်သည် သင်္ဃန်း ကျွန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် အများ ဆုံးဖြစ်သည်။ ဝယ်လက်နည်းခြင်းကြောင့် အရောင်း အဝယ်မဖြစ် သဖြင့် ငွေကျပ်တည်းကာ တိမ်းရှောင်နေသောကန်ထရိုက်များ ရှိသကဲ့သို့ ဆက်လက်လုပ်ကိုင် နေသည့် ကန်ထရိုက်များ လည်းရှိကြောင်း အမည်မဖော်လိုသူ ကန်ထ ရိုက်တစ်ဦးကပြောသည်။
"ဝယ်လက်နည်းလာတော့ ငွေကမလည် တော့ဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် ပဲ လုပ်တယ်။ မနိုင်မနင်း အများကြီးမလုပ်ဘူး။ တကယ်လို့ အများကြီး ယူပြီးဆောက်ရင် အန္တရာယ်သိပ်ကြီးတယ်။ တကယ်လို့ အရောင်းအဝယ်ကျသွားပြီး ကိုယ် က ငွေမလိုက်နိုင် ရင်တော့ အကျပ်ရိုက်မှာပဲ။ ငွေမလည်လို့ တချို့ကန်ထရိုက်တွေ ရှောင်ပြေးသွားတာပါ။ အကုန် လုံးမဟုတ်ပါဘူး" ၎င်းကပြောသည်။
၂၀၁၄ ခုနှစ်နှောင်းပိုင်းမှ စတင်ခါ အိမ်ခြံ မြေများ အရောင်းအဝယ်ပါးသွားပြီး မြန်မာ အိမ်ခြံမြေဈေး ကွက်သည် ၂၀၁၅ ခုနှစ်တစ်နှစ် လုံးနီးပါး အေးနေနိုင်ကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်များ က ခန့်မှန်းသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အခြေနေကို စောင့်ကြည့်နေကြပြီး ရင်းနှီးမြှုပ်နှံ မှု မပြုလုပ်ကြခြင်းနှင့် အစိုးရလုပ်ငန်းစီမံကိန်း များမပြုလုပ်ခြင်းကြောင့် စီမံကိန်းနေရာ များ အနီးတွင် လိုက်လံရင်းနှီးမြှုပ်နှံသူများ အားနည်းသွားခြင်းကြောင့်လည်း အိမ်ခြံမြေ ဈေးကွက် အေးသွားခြင်းဖြစ်သည်။
"တိုက်ခန်းကြိုပွိုင့်ဝယ်ယူသူ အများစုက ဝယ်ရောင်းသမားတွေပါ။ ခုတော့ နယ်မြေအလိုက်အခွန် တွေ သတ်မှတ်လိုက်ပြီး နိုင်ငံ ရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် အိမ်ခြံမြေဈေးကွက်က အေးသွားတာပါ။ တကယ်နေမယ့် လူတွေဝယ်တာကလွဲပြီး တခြားဝယ်လက်တွေ နည်းသွား တာကြောင့် တိုက်ခန်းကြိုပွိုင့် အရောင်းအဝယ် အေးနေ တယ်" ဟု မိုးလွင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမင်းချိုဦးက ပြောသည်။
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ