By The Kumudra, Shweproperty.com
Updated at 10 May 2016
ဆောက်လုပ်ရေး လုပ်ငန်းတွေကျဆင်းပြီး ရပ်နေတာက ပုံမှန်မဟုတ်တဲ့အခြေအနေကို နည်းလမ်းမမှန်တဲ့ ဖန်တီးမှုတွေကြောင့်လို့ သိရပါတယ်။
စီးပွားရေး လုပ်ငန်းတွေက စနစ်တကျဘဲ ဖွံ့ဖြိုးတိုးတက်ခဲ့တာတွေကြောင့် ကျရင်လည်း ဝုန်းခနဲ့ကျပြီး တက်ရင်လည်း ဝုန်းကနဲ့တက်တာ မျိုးတွေ ဖြစ်နေတာလို့ ကျွမ်းကျင်သူတစ်ချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ ကပြောပါတယ် ။ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းပြီးရပ်တန့်နေတာဟာလည်း ၂၀၀၄ခုနှစ်ကုန်ပိုင်း ဝန်းကျင်လောက်ကတည်းကပါ။
ကန်ထရိုက်တိုက်ခန်းဆောက်လုပ်မှုတွေနဲ့ ပတ်သတ်ပြီးပြသနာ အရှုပ်အရှင်းတွေဖြစ်ပြီး နောက်ပိုင်းအဝယ်ပျောက်တဲ့ ဈေးကွက်ဖြစ်နေခဲ့တာပါ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက "နည်းလမ်းမမှန်ဘဲ လုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်တွေကြောင့်ပဲ မှုမမှန်ဘဲ လည်ပတ်နေတဲ့စီးပွားရေးဈေးကွက်ဖြစ်ခဲ့တော့ အခုလိုရပ်ဆိုင်းသွားတာပါ" လို့ပြောပါတယ်။
ကန်ထရိုက်ဆောက်လုပ်မှုတွေမှာ မြေယာအရှုပ်အရှင်းတွေ ၊လိမ်လည်မှုတွေ လုပ်ငန်းဆက်မလုပ်တောံဘဲ ရပ်တန့်သွားတဲ့အဖြစ်တွေဟာ စနစ်တကျမရှိဘဲ ဖွ့ံ့ဖြိုးတိုးတက်ခဲ့တဲ့ စီးပွားရေးတွေကြောင့်ဖြစ်တယ်။ လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေကတော့ ပုံမှန် လည်ပတ်နေကြတာတွေရှိပေမဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာအသေးတွေကတော့ လုပ်ငန်းမလည်ပတ်နိုင်လို့ ရပ်တန့်နေကြရ တာတွေများတယ်လို့သိရပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွန့် ဦးတင်သန်းဦးက "ပုံမှန်စီးပွားရေးဆိုတာကျတဲ့ သူကကျမယ်၊ တက်တဲ့သူက တက်နေမယ်၊ ကောင်းတဲ့သူက ကောင်းပြီး ပုံမှန်လည်ပတ်နေတာ၊ အခုက ဒေါ်လာ၊ ရွှေဆိုလဲဝုန်းကနဲ့တက် ဝုန်းခနဲ့ကျဖြစ်နေတယ်၊ ဒါတွေကို ပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ဆောင်ရမှာပါ" လို့ပြောပါတယ်။
ဆောက်လုပ်ရေးဘာကြောင့်ကျ
ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ခဲ့တာက ကြိုပွိုင့်စနစ်နဲ့ အကျိုးတူကန်ထရိုက်ဆောက်လုပ်တာတွေမှာ စနစ်စကျ မရှိခဲ့သလို လိမ်လည်မှုတွေ ပြသနာတွေကြောင့်လို့လည်း တချို့ကဝေဖန်သုံးသပ်ကြပါတယ် ။
ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ဦးထက်နိုင်က "အကျိုးတူ ကန်ထရိုက်ဆောက်တာတွေမှာ လိမ်လည်ခံရတာတွေရှိတာကတော့ အကုန်သိနေ ခဲ့တာပါပဲ ၊အခုလက်ရှိထိဆောက်လုပ်ရေး ကန်ထရိုက်တာတွေ တွေ့ကြုံနေတာက ကြိုပွိုင့်ငွေတွေ ဆက်မဝင်တော့တာ ၊ဝယ်သူမရှိ တော့တာတွေက လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲစေတယ် ၊အလုပ်သမားခတွေကအစ ဈေးမြင့်လာတော့ တချို့ကန်ထရိုက်တာတွေဆို လုပ်ငန်းပြောင်းလုပ်တာတွေအထိ ဖြစ်နေကြတာ" လို့ပြောပြပါတယ်။
ကြိုပွိုင့်စနစ်ကိုအယုံအကြည်ကင်းမဲ့လာတဲ့အခါမှာ အကျိုးတူကန်ထရိုက်ဆောက်လုပ်နေတဲ့ သူတွေအနေနဲ့ရင်းနှီးငွေ ထပ်မထည့်နိုင်တော့တာ၊ တစ်ဝက်တစ်ပျက်နဲ့ လုပ်ငန်းရပ်နေကြရတာတွေ ဖြစ်လာတယ်လို့သိရတယ်။ ကြိုပွိုင့်ငွေသွင်းတဲ့ သူတွေကလည်း လုပ်ငန်းမဖွံ့ဖြိုးတော့ ငွေဆက်မသွင်း၊ ဆောက်လုပ်ရေးတွေကလည်း ငွေမလည်ပတ်နိုင်တော့ ဆက်မဆောက်နိုင်တာနဲ့ပဲ မြေရှင်နဲ့ဝယ်သူတွေမှာ အခက်အခဲတွေကြုံကြရတယ်။ တရားရင်ဆိုင်ကြရတာတွေ ဖြစ်ကြတာပါ။
ငွေကြေးမလည်ပတ်နိုင်
ဒါတွေက စီးပွားရေးလုပ်ငန်းကို ပုံမှန်မဟုတ်ဘဲ ဖွံ့ဖြိုးအောင် ဖန်တီးခဲ့တာတွေ ကြောင့်လို့သိရပါတယ်။ စနစ်တကျ နဲ့လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ကိုအားလုံးက မျှော်လင့်နေကြပြီး အဓိကကတော့ ငွေကြေးမလည်ပတ်နိုင်တာကြောင့်လို့ လုပ်ငန်းရှင်တချို့ ကပြောပါတယ်။
ဦးဇော်လင်းက "ငွေကြေးမလည်ပတ်နိုင်တာတွေကြောင့်လဲ အခုလိုတွေဖြစ်တာ၊ ဘဏ်တွေကနေ ချေးငွေနဲ့လည်ပတ်ကြတာတွေရှိပေမဲ့ အရောင်းဈေးကွက်က ရပ်နေတော့အတိုးတက်တာပဲဖြစ်နေတယ်၊ တကယ်တော့ ဘဏ်တွေကလဲ အတိုးနှုန်းနည်းနည်းနဲ့ လုပ်ငန်းတွေ လည်ပတ်ပြီး လုပ်ဆောင်နိုင်အောင်ပြုလုပ်နိုင်မယ်ဆို ဒါတွေကလုပ်ငန်းတွေအတွက် အထောက်အကူတစ်ခု ဖြစ်နိုင်တယ်" လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : zastaki
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ