By The Kumudra, Shweproperty.com
Updated at 5 February 2015
အမည်ခံဆောက်လုပ်နေတာမျိုးတွေ ရှိတာကြောင့် တိုက်ခန်းဝယ်ယူတဲ့ အခါမှာ လိုင်စင်ရ ကန်ထရိုက်ဆောက်လုပ်တဲ့ တိုက်ခန်းတွေကိုသာ စိစစ်ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ကိုယ်ဝယ်မယ့်တိုက်ခန်းက တရားဝင်ဆောက်လုပ်နေတာ ဟုတ်မဟုတ်၊ BCC မှန်မမှန်၊ ပါမစ် မှန်မမှန်သေချာ စိစစ်သင့်တယ်။
အကျိုးဆောင်ရှေ့နေဦးမောင်မောင်က "ဝယ်သူအနေနဲ့ ကိုယ့်ဘက်က စစ်ဆေးလို့ရတာ သိပ်မသိကြဘူး၊ ဝယ်ပြီးမှ တရားဝင်မဟုတ်တာ၊ BCC မကျတာတွေဖြစ်ပြီး နစ်နာမှုတွေရှိလာတာ၊ ပါမစ်မှန်မှန်၊ BCC မှန်မမှန်၊ အမည်ခံဆောက်လုပ်တာတွေ စစ်မယ်ဆို မြို့တော်စည်ပင်မှာ သွားစစ်လို့ရတယ်"လို့ပြောပါတယ်။
စာရွက်စာတမ်း စစ်ဆေးမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ၁၀ ထပ်ရုံး သုံးလွှာမှာ ပါမစ်မှန်မမှန်နဲ့ BCC မှန်မမှန်ကို စစ်လို့ရတယ်။ တချို့က အမည်ခံဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေရှိတာကြောင့် လိုင်စင်ရ ကိုယ်တိုင်ဆောက်လုပ်တဲ့ အခန်းကိုဝယ်တာက ပိုသေချာတယ်လို့သိရတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကျော်က"အခုဖြစ်နေတာက လိုင်စင်ရ ကန်ထရိုက်တာက အမည်ခံပြီး ဆောက်လုပ်နေတာတွေ ရှိတယ်၊ သေချာစုံစမ်းပြီးတော့မှ ဝယ်သင့်တယ်။ တရားဝင်ဆောက်လုပ်တဲ့ ခွင့်ပြုမိန့်ပါမစ်စာချုပ်တွေကို မြို့နယ်ရုံး၊ အုပ်ချုပ်ရေးမှုးရုံးတွေကို မိတ္တူပို့ရတယ်၊ ဝယ်မယ်ဆိုအဲ့မှာ သွားကြည့်လို့ရတယ်"လို့ ပြောပါတယ်။
ကန်ထရိုက်တိုက်ခန်းတန်ဖိုးတွေ ကွာဟနေတာက တရားဝင်နဲ့ တရားမဝင် ကွာတာကြောင့်ပါ။ ဈေးသက်သာတယ်ဆိုပြီး မဝယ်ယူသင့်ပဲ သေချာစုံစမ်းပြီးမှသာ ဝယ်ယူသင့်တယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေ များလာတဲ့အတွက် တိုက်ခန်းရောင်းသူတွေကလည်း များလာတယ်။ ကန်ထရိုက်တိုက်ခန်းတချို့ရဲ့ ဈေးနှုန်းတွေက ဈေးသက်သာတာကြောင့် ဝယ်သူတွေက စိတ်ဝင်စားကြတယ်။ ဈေးသက်သာတိုင်း ဝယ်ယူဖို့ မသင့်ဘူးလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ