By The Mirror, Shweproperty.com
Updated at 29 November 2017
မြန်မာနိုင်ငံ၏ လူဦးရေသည် ၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့ သော သန်းခေါင်စာရင်းအရ ၅၂ သန်းခန့်ရှိပြီး ထိုလူဦးရေ ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင် လျက်ရှိသည်။ မြို့ပြတွင် ၃ဝ ရာခိုင်နှုန်းခန့် နေထိုင်လျက် ရှိသည်။ မြို့ပြများတွင် အလုပ်အကိုင်များအပြင် ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းသာလာသဖြင့် ကျေးလက်ဒေသမှ ပြည်သူ များသည် မြို့ကြီးများသို့ ပြောင်းရွှေ့လာကြသဖြင့် အိမ်ရာ လိုအပ်ချက်များလည်း မြင့်တက်လာခဲ့သည်။
ထိုသို့ အိမ်ရာလိုအပ်ချက်မြင့်မားလာသဖြင့် အိမ်ဈေး နှင့် မြေဈေးများ မြင့်တက်လာပြီး အိမ်ငှားရမ်းခများလည်း နှစ်စဉ်တိုးတက်လာသောကြောင့် ပြည်သူများ၏ နေရေး ပြဿနာများမှာ နေ့စဉ်ကြုံတွေ့နေသောကိစ္စဖြစ်သည်။ ထို့ကြောင့် ဝင်ငွေနည်း နိုင်ငံ့ဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများ အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းမှာ ပိုမို ခက်ခဲလာသည်။ သို့ဖြစ်၍ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင်၍ ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများကို တည်ဆောက်ပေးလျက်ရှိရာ ရှေ့ပြေးအိမ်ရာ စီမံကိန်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးမှ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း(၁)ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် ကြမ်းခင်းဧရိယာအကျယ် ၄၆၈ ပေရှိသော ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ ၃၂ လုံး စတင် တည်ဆောက်ပြီး အခန်းပေါင်း ၇၆၈ ခန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချနိုင်ရန် လွှဲပြောင်းပေးခဲ့သည်။
တန်ဖိုးနည်းအိမ်ရာများကို ဝင်ငွေနည်းပြည်သူများ ပိုမိုဝယ်ယူနိုင်ရန်အတွက် ဘဏ်ချေးငွေကာလအား လေးနှစ်မှ ရှစ်နှစ်သို့ တိုးမြှင့်ပေးခဲ့ပြီး ဘဏ်အတိုးနှုန်းမှာ ၁၂ ရာခိုင်နှုန်းဖြစ်ကာ ဘဏ်ချေးငွေရယူမည်ဆိုပါက အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank)တွင် လက်ငင်း ပေးချေရမည့်ငွေ (Down Payment)အဖြစ် ပေးသွင်းရ သည်။ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း(၁) စတင်ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူများစိတ်ဝင်စားမှုနှင့် ဝယ်လိုအားများလာသဖြင့် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၂)ကို ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၆ လုံး၊ အပိုင်း(၃)ကို ခြောက်ခန်းတွဲ လေးထပ်တိုက်အလုံး ၂ဝ စုစုပေါင်း အပိုင်း(၂)နှင့် (၃)တို့မှ အခန်းပေါင်း ၁ဝဝဝ နှင့် ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှ အခန်းပေါင်း ၃၁ဝဝ တို့ကို တည်ဆောက်လျက်ရှိသည်။
တန်းစီးဇယားအတိုင်း ပြီးစီးသောတိုက်ခန်းများကို ဦးစားပေးရောင်းချလျက်ရှိရာ ပြည်သူများဘက်မှ အထူးယုံ ကြည်အားထားလာသဖြင့် ယခုအခါ တန်ဖိုးနည်းအိမ်ရာ များ၏ ဝယ်လိုအားလည်း မြင့်တက်လာခဲ့ကြောင်း တွေ့ရ သည်။ ထို့ကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် (CHD Bank) ကလည်း ပြည်သူများသို့ နှစ်ရှည် ချေးငွေများပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှစ်နှစ်ချေးငွေပေးရာမှ ၁ဝ နှစ်အထိ တိုးမြှင့်ပေးခဲ့ပါ သည်။
တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက မန္တလေးတိုင်းဒေသ ကြီးတွင် မြရည်နန္ဒာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း၊ မကွေးတိုင်းဒေသကြီး၌ ချမ်းမြေ့သာယာတန်ဖိုးသင့်အိမ်ရာ စီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ နန္ဒဝန် တန်ဖိုးသင့်အိမ်ရာစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဥမ္မာဒန္တီတန်ဖိုးနည်းအိမ်ရာစီမံကိန်းတို့ကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး နေပြည်တော် ၌လည်း ရေနံ့သာတန်ဖိုးသင့်အိမ်ရာစီမံကိန်းများကို တည်ဆောက်ခဲ့ရာ ဝင်ငွေနည်း ပြည်သူများနှင့် နိုင်ငံ့ဝန် ထမ်းများအနေဖြင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) ကိုလည်း ရန်ကုန်မြို့တွင်သာမက နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ပထမငါးနှစ်တာ ကာလအတွင်း မြို့ပြဖွံ့ဖြိုးလာမှုကြောင့် အိမ်ရာလို အပ်ချက်မြင့်မားလာသောဒေသများတွင် မြေနေရာရရှိမှု အပေါ်မူတည်၍ ဆောက်လုပ်ဖြည့်ဆည်းပေးခဲ့ရာ တည်ဆောက်ပြီးစီးခဲ့သော အိမ်ရာများကို ဖော်ပြရလျှင် ရန်ကုန်တိုင်းဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃ဝ၅၃၄ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းပေါင်း ၁၁၅၈၅ ခန်း၊ မန္တလေးတိုင်းဒေသကြီး၌ တန်ဖိုးသင့် အိမ်ရာအခန်း ပေါင်း ၁၂၃၂ ခန်း၊ မကွေးတိုင်းဒေသကြီး၌ တန်ဖိုးနည်း အိမ်ရာအခန်းပေါင်း ၁၇၆ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၂၈ ခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၄၄ဝ၊ ဧရာဝတီတိုင်း ဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၆၃၆ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၄ဝ တို့အား ၂ဝ၁၁-၂ဝ၁၂မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း ငါးနှစ် သက်တမ်း၌ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း ၃ဝဝဝဝ ကျော်ကို တည်ဆောက်ပေးခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူတို့အတွက် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် နေရေးအတွက် ကြိုးစားဆောင်ရွက်နေသော ဌာနကြီးတစ်ခုဖြစ်ကြောင်းရေးသားတင်ပြလိုက်ပါသည်။
Ref & Photo Credit : The Mirror
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ