By Myanmar Times, Shweproperty.com
Updated at 25 February 2016
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍသည် ပြည်ပမှ တင်သွင်းလာသော ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများကို သာအားထားနေရဆဲဖြစ်ကာ ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်သည်လည်း နိုင်ငံခြား ငွေတန်ဖိုး ပြောင်းလဲခြင်းပေါ်မူတည်၍ တန်ဖိုးအပြောင်းအလဲ ရှိစမြဲဖြစ်သည်။
မကြာခဏအပြောင်းအလဲဖြစ်နေသော ပြည်တွင်းငွေလဲလှယ်ဈေးနှုန်းကြောင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း ဈေးကွက်ကို ရိုက်ခတ်မှုများ ရှိနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်း ရှင်များက ပြောသည်။
"ဒီရက်ပိုင်းအတွင်းမှာ ဒေါ်လာဈေးတွေ သိသိသာသာကျသွားတယ်။ တရုတ်နှစ်သစ်ကူး ကာလ ဖြစ်လို့နှစ်တိုင်း ဒေါ်လာဈေးကျနေကျ အတိုင်း ဈေးကျတာလို့ ပြောနေပေမယ့် ဒေါ်လာ ဈေးက တစ်ဒေါ်လာကို ကျပ် ၇၀ ကျော်ကျော် ထိ သိသိသာသာ ဈေးကျသွားတယ်။ အဲဒီလို ဒေါ်လာဈေးတွေ ကျသွားပေမဲ့ ဆောက်လုပ် ရေးပစ္စည်းဈေးတွေပြန်မကျတော့ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေ နစ်နာတယ်"ဟု မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းက မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။ လတ်တလောတွင် ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းလျက်ရှိရာ ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် မြန်မာငွေဈေး တက်ပြီး အမေရိကန်ဒေါ်လာငွေဈေးကျသည် ကို ကြိုဆိုသော်လည်း ဒေါ်လာဈေးကျပြီး ပစ္စည်းဈေးများ မကျသည့်အတွက် အကျိုးထူး မရှိဟုည်း ၎င်းကပြောသည်။
"ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း အတွက် ဒေါ်လာဈေးကျပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေ ပြန်ဝယ်တော့ မြန်မာငွေကြေး တန်ဖိုးပြန်မကျတော့တာက ငွေကြေးဖောင်းပွမှု စဖြစ်တာလို့ ပြောလို့ရမယ်။ ဒီနှစ် ပိုင်းလေးတွေကိုပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှု ပိုဖြစ်လာတယ်။ အိမ်ခြံမြေဈေးကွက်မှာ တိုက်ခန်းနဲ့ မြေကွက် အရောင်းဈေးတွေကို ကြည့်ရင်ပဲ တစ်နှစ်ထက် တစ်နှစ် ငွေကြေးဖောင်းပွမှု ပိုပိုဖြစ်လာတယ်။ အမေရိကန်ဒေါ်လာဈေးကျပြီး မြန်မာငွေ တန်ဖိုးဈေးတက်တာမျိုး ဖြစ်စေချင်ပေမဲ့ ငွေကြေးဖောင်းပွခြင်းမဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဦးအောင်းမင်းက ပြောသည်။
အမေရိကန်ဒေါ်လာဈေးမငြိမ်သက်ခြင်း ကြောင့် ဆောက်လုပ်ရေးပစ္စည်းများရောင်းဝယ် ရာတွင် အခက်အခဲများရှိပြီး ဒေါ်လာဈေး တက်ချိန်တွင် ဈေးမြင့်ပေးကာ ဝယ်ခဲ့ရသော ဆောက်လုပ်ရေးပစ္စည်းများကို ဒေါ်လာဈေးကျ ချိန်တွင် ဈေးလျှော့ရောင်းဝယ်ရန် အခက် အခဲများရှိသည်ဟု ဘုရင့်နောင်ဈေးရှိ မိသားစု ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးကျော်စိန်က ပြောသည်။
"ဒေါ်လာဈေးက ရက်အနည်းငယ်အတွင်း မှာကို ခဏခဏအပြောင်းအလဲတွေရှိနေပြီး တစ်ခါတလေမှာ ထင်မှတ်မထားတတ်လောက် အောင် ဈေးကျလိုက်၊ ဈေးတက်လိုက်ဖြစ်နေ တော့ ပစ္စည်းပြန်ရောင်းတဲ့အခါ အခက် အခဲတွေရှိပါတယ်။ ကိုယ်က ဈေးကြီးပေး ပြီးဝယ်ထားတဲ့ပစ္စည်းကို ဒေါ်လာဈေးကျ ချိန်မှာ ဈေးလျှော့ရောင်းနိုင်ဖို့ဆိုတာ ဆောက် လုပ်ရေးပစ္စည်း ရောင်းဝယ်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ"ဟု၎င်းကပြောသည်။
ရှင်ရဲထွဋ် ဆောက်လုပ်ရေးလုပ်ငန်းစုဥက္ကဋ္ဌဦးရဲထွဋ်ကလည်း "ဒေါ်လာဈေးတွေကျ နေပေမဲ့ ဆောက်လုပ်ရေးပစ္စည်းဈေးတွေ က မကျတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဈေးကြီးပေးပြီး ဝယ်ရတယ်။ အဆောက်အအုံဆောက်လုပ်ပြီး ပြန်ရောင်းမယ်ဆိုရင် တစ်စတုရန်းပေကို ဘယ်နှဒေါ်လာလို့ သတ်မှတ်ပြီး ပြန်ရောင်းတာဖြစ်လို့ ကျတဲ့ဒေါ်လာဈေးနဲ့ ရောင်းရတယ်။ ဒေါ်လာဈေး တက်လိုက် ကျလိုက်ဖြစ်တာက အဝယ်ရော အရောင်းရောနှစ်ဖက် စလုံးမှာ နစ်နာပါတယ်" ဟု ပြောသည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်ကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ယခုတိုင် မြန်မာကျပ်ငွေတန်ဖိုးမှာ နိုင်ငံတကာငွေကြေး များထက် အားနည်းနေ ဆဲဖြစ်သောကြောင့် တိုက်ခန်းများ ရောင်းဝယ်ခြင်းနှင့် ငှားရမ်း ခြင်းများတွင်က အမေရိကန်ဒေါ်လာဖြင့် တန်ဖိုးသတ်မှတ်ခြင်းများ ပြုလုပ်လာခဲ့ကြကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တခြားငွေကြေးတွေနဲ့ယှဉ်ရင် မြန်မာငွေကြေးက အားနည်းနေလို့ ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေက အခန်းငှားတာတွေနဲ့ ရောင်းတာ တွေကို ဒေါ်လာတန်ဖိုးနဲ့ပဲ သတ်မှတ်လာကြတယ်။ ဒေါ်လာဈေးပေါ်မူတည်ပြီး ဒေါ်လာနဲ့ ငှားတဲ့ အိမ်အငှားဈေးကွက်က အပြောင်းအလဲ ရှိတယ်။ ဒေါ်လာဈေးတွေ အရမ်းတက်တုန်း ကဆို အများအားဖြင့် ဒေါ်လာနဲ့ ငှားရမ်းလေ့ရှိ တဲ့ လုံးချင်းအိမ်အငှားဈေးကွက်က ငှားတဲ့သူ တွေ တော်တော်လျော့နည်းသွားတယ်။ ငှားတဲ့ သူတွေမငှားကြတော့ အိမ်အငှားနှုန်းထားတွေပါ ဈေးကျတော့တာပဲ"ဟု ဦးအောင်မင်းက ပြောသည်။ အဆင့်မြင့်အိမ်ရာများ၊ ရုံးခန်းများ ငှားရမ်း ခြင်းနှင့် ရောင်းချခြင်းများတွင်သာမက နိုင်ငံ ခြားသားများကို အဓိကထားငှားရမ်းလေ့ရှိ သော လုံးချင်းအိမ်ရာများနှင့် ကွန်ဒိုတိုက်ခန်း များ ငှားရမ်းခြင်းကို အမေရိကန်ဒေါ်လာဖြင့်သာ ငှားရမ်းခ တန်ဖိုးသတ်မှတ်ကြကြောင်း သစ္စာ အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာ ဒေါ်သူဇာက ပြောသည်။ "အခုအချိန်မှာ မြန်မာငွေကြေးတန်ဖိုးမြှင့် လိုက်တာကြောင့် ပြည်ပကဝင်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲတွေ ပိုဖြစ်သွားနိုင်တယ်။ အစိုးရသစ်လက်ထက် မှာ နိုင်ငံရေးမူဝါဒတွေ ပြောင်းလဲလာပြီး ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အမှန်တကယ်ဝင်ရောက်ပြီးချိန်မှ မြန်မာကျပ် ငွေတန်ဖိုးကို မြှင့်သင့်တယ်"ဟုလည်း ဦးရဲထွဋ်က ပြောသည်။
Ref : Myanmar Times
Photo Creidt : Myanmar Times
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ