By The Trade Times, Shweproperty.com
Updated at 11 September 2015
ဆောက်လုပ်ရေးလုပ်ငန်း လုပ် ကိုင်သူများအနေဖြင့် လုပ်ငန်းပိုင်း၌ ကျွမ်းကျင်မှုရှိရန်နှင့် စံနှုန်း သတ်မှတ် ချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ 68 Residence မှ ဒေါက်တာအောင်ကျော်မင်းက ပြောသည်။
”အရည်အသွေးရှိတဲ့ အဆောက် အအုံတစ်လုံး ဆောက်လုပ်မယ်ဆိုရင် ပန်းရန်၊ လက်သမားကလည်း အရေး ကြီးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေ ဝင်လာလို့ ရှိရင် ကျွမ်းကျင်မှုရှိတဲ့ အတတ်ပညာရှင်တွေ လိုအပ်လာ ပါပြီ။ ကုမ္ပဏီကြီးတွေမှာ လုပ်မယ် ဆိုရင်တော့ Certificate တွေ လိုလာ ပြီ။ စက်မှု (၁) နားက ဗီယက်နမ်က ဆောက်တဲ့ အဆောက်အအုံဆိုရင် မြန်မာပြည်က လုပ်သားတွေနဲ့ အဆင် မပြေလို့ နိုင်ငံခြားကခေါ်ပြီး ဆောက် လုပ်ရတဲ့အတွက် မြန်မာနိုင်ငံက အင်ဂျင်နီယာတွေရော၊ လုပ်သား တွေပါ ကျွမ်းကျင်မှု ရှိဖို့ လိုအပ်ပါ တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အင် ဂျင်နီယာကောင်စီမှလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ချိန်တွင် ကျွမ်းကျင်အင်ဂျင်နီယာများ ဖြစ်စေရန် Professional Engineer လက်မှတ်များ ထုတ်ပေးလျက် ရှိ ကြောင်းသိရသည်။
”၂ဝ၁၆ ခုနှစ်မှာAEC တွေ ဝင်ရောက်လာပြီဆိုရင် မြန်မာနိုင်ငံ က အရည်အချင်းရှိတဲ့ အင်ဂျင်နီယာ တွေအနေနဲ့ နိုင်ငံတကာနဲ့ တန်းတူ အလုပ်လုပ်ကိုင်နိုင်အောင် ကျွမ်း ကျင်အဆင့် အင်ဂျင်နီယာ လက် မှတ်တွေကို ထုတ်ပေးနေတာ ဖြစ် တယ်။ နိုင်ငံတကာက ဝင်ရောက်လာ တဲ့အချိန်မှာ ကျွမ်းကျင်လက်မှတ် မရထားဘူးဆိုရင်တော့ လုပ်ပိုင်ခွင့် တွေ ဆုံးရှုံးသွားမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အတွင်းရေးမှူး ဒေါ်စီသန်းက ပြော သည်။
”ကျွန်တော်တို့က အခုမြင်တွေ့ နေရတာက ဈေးကွက်ထဲမှာ မီး မကျက်တဲ့ အုတ်တွေ တွေ့ရတယ်။ အဆောက်အအုံ ဆောက်လုပ်တဲ့ သူတွေအနေနဲ့ အုတ်ကို ထောင်၊ သောင်းချီပြီး ဝယ်ရတဲ့အတွက် အဆင် မပြေမှုတွေ ကြုံရပါတယ်။ အခုက အဆောက်အအုံ မဆောက်ခင် အုတ် တွေကို ရေစိမ်ရမလို ဖြစ်နေတယ်။ သံချောင်းတွေ၊ သစ်တွေဆိုလည်း ဈေးကွက်ထဲမှာ ဆိုဒ်မပြည့်ဘူး။ အဲဒါ ကြောင့် အဆောက်အအုံတစ်လုံး ဆောက်လုပ်ရာမှာ ပစ္စည်းရဲ့ အရည် အသွေးက အရေးကြီးတယ်။ အဲဒါ ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အသေးစိတ် စိစစ်ပြီး ကြည့်မှသာ အရည်အသွေးပြည့်မီတဲ့ အဆောက် အအုံတွေ ဖြစ်လာမှာပါ”ဟု 68 Residence မှ ဒေါက်တာအောင် ကျော်မင်းက ပြောသည်။
”အရင်က အိမ်ခြံမြေ အခွန် အဖြစ် ၂ ရာခိုင်နှုန်းပဲ ဆောင်ရပေ မယ့် လွန်ခဲ့တဲ့ သုံးလလောက်က စပြီး ၅ ရာခိုင်နှုန်း ပေးဆောင်ရ တယ်။ အဲဒီအချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံဆောက်ဖို့ ကျပ်သိန်း ၆,ဝဝဝ ကို ၅,၇ဝဝ နဲ့ တင်ဒါအောင်တယ်။ တင်ဒါအောင် တဲ့ ကုမ္ပဏီအနေနဲ့ကလည်း အခွန်ကို ၂ ရာခိုင်နှုန်းနဲ့သာ တွတ်ချက်ထား တာ ဆိုတော့ လုပ်ငန်းလုပ်ရတာ အဆင်မပြေတော့ဘူး။ ကျွန်တော် တို့ နိုင်ငံမှာ ဥပဒေတစ်ခု ထုတ် ပြန်တယ်ဆိုရင် ပြည်သူလူထုကို ကြိုတင်အသိပေးမှု မရှိဘူး။ အခု ထုတ်ပြန် အခုချက်ချင်း အကျုံးဝင် သွားတဲ့အတွက် လုပ်ငန်းလုပ်ကိုင်သူ တွေအနေနဲ့ အခက်အခဲတွေ အများ ကြီး ရင်ဆိုင်ရတယ်။ အဲဒါကြောင့် ဆောက်လုပ်တဲ့ သူတွေ အနေနဲ့ လည်း အရည်အသွေးအပိုင်းတွေ နိမ့်ကျသွားနိုင်တယ်”ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
အဆောက်အအုံ ဆောက်လုပ် ရာ၌ အခြေခံလုပ်ငန်းများဖြစ်သည့် ပန်းရန်လုပ်ငန်း၊ လက်သမားလုပ်ငန်း စသည့် အခြေခံကျသောလုပ်ငန်း အဆင့်များအား မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ၍ သင်တန်းများခေါ်ယူပြီး ကျွမ်းကျင် အဆင့် (၁) မှ (၄) အထိ သတ်မှတ်ကာ လက်မှတ်များထုတ်ပေးမှသာ နောင် တစ်ချိန်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာချိန်တွင် အဆင် ပြေစွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ