By 7Day Daily, Shweproperty.com
Updated at 30 May 2019
တည်ဆောက်ရေး လုပ်ငန်းများသတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး အကောင်အထည်ဖော်မည့် ဘဏ္ဍာနှစ်မရောက်မီ တစ်နှစ်ကြိုတင်လေ့လာထားရန် ဝန်ကြီးဌာနများသို့ ဖြန့်ဝေထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည်။
မေလ ၂၈ ရက်အမျိုးသားလွှတ်တော်အစည်းအဝေး၌လွှတ်တော်ကိုယ်စားလှယ်ဦးမြမင်းဆွေ က ‘‘ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့ များက တာဝန်ယူဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများ ဘတ်ဂျက်နှစ်စပြီး ငါးလ၊ ခြောက်လကြာသည့်တိုင် မည်သည့်အတွက်ကြောင့် စတင်နိုင် ခြင်းမရှိသည်ကို သိရှိလိုကြောင်း’’ မေးမြန်းမှုကို ဝန်ကြီးကဖြေကြား ရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သည့်ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေ ရင်း)၏ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားလိုသည့်တည် ဆောက်ရေးလုပ်ငန်းများကို ကြို တင်လေ့လာဆန်းစစ်ခြင်း၊ ပုံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းများကို လုပ်ငန်းအကောင်အထည်ဖော်မည့် ဘတ်ဂျက်နှစ်မရောက်မီ တစ်နှစ်ကြို တင်ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက် တင်ပြတောင်းခံရန်ဖြစ်သည်။
ထိုသို့ကြိုတင်ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်းအကောင်အထည်ဖော်မည့်ဘဏ္ဍာနှစ်ရောက်မှသာ လုပ်ငန်းလေ့လာခြင်း၊ မြေစမ်းသပ်ခြင်း၊ တင်ဒါခေါ်ခြင်းဆောင်ရွက်ပါက လုပ်ငန်းအ ကောင်အထည်ဖော်မှု နောက်ကျမည်ဖြစ်ကြောင်း ဦးဟန်ဇော်က ပြောသည်။
ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး လိုအပ်သောပုံစံအချက်အလက်များပြည့်စုံမှသာ စနစ်တကျ တင်ဒါခေါ်ယူသင့်ကြောင်း ၎င်းက အကြံပြုသည်။
တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ပြည်သူများအတွက် နစ်နာမှုရှိကြောင်း မေးခွန်းမေးမြန်းသည့်ဦးမြမင်းဆွေ က ပြောသည်။ ထို့ကြောင့် ဌာန ဆိုင်ရာများအနေဖြင့် ရရှိသည့်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။
Ref : 7Day Daily
Photo Credit : Irishtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ