By Myanmar Builders Guide, Shweproperty.com
Updated at 17 May 2019
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့က မီးစက်ဖြင့်ရေပေးဝေလျက်ရှိရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့လုပ်ငန်း၌ စည်ပင်ရေသုံးစွဲသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောဆိုသည်။
ကွင်းဆင်းစစ်ဆေး
"အခုလိုနွေရာသီမီးပြတ်ချိန်မှာ မြို့ရေပေးဝေရေးအဆင်ပြေအောင်လို့ မီးစက်ဝယ်ယူပြီး အများပြည်သူရေလုံလောက်စွာရရှိရေးအတွက် ရေပေးဝေရေးလုပ်ဆောင်နေတာပါ။ ကုမ္ပဏီတွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စည်ပင်ရေသုံးစွဲခွင့်မပြုပါဘူး။ ကွင်းဆင်းစစ်ဆေးလို့ စည်ပင်ရေသုံးစွဲတာတွေ့ရှိရင် အဲဒီ ကုမ္ပဏီကို Black List လုပ်သွားမယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဝယ်ယူအသုံးပြုရန်
လျှပ်စစ်မီးလုံလောက်စွာမရရှိသည့် နွေ ရာသီ၌ မြို့ရေပေးဝေရေးလုပ်ငန်းများ အခက်အခဲဖြစ်နေမှုကို ဖြေရှင်းနိုင်ပေးနိုင်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် မြို့လူထုကို အချိန်ပြည့် ရေပေးဝေနိုင်ရေးအတွက် ဧပြီ ၂၅ ရက်က ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လွှတ် တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပါဝင်သည့် အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်၍ မီးစက်သစ်ဝယ်ယူအသုံးပြုရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
စဉ်ဆက်မပြတ်
ယင်းသဘောတူဆုံးဖြတ်ချက်အရ လျှပ်စစ် မီးမကြာခဏပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည့် နွေရာသီတွင် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်နေပြည်သူများအား စဉ်ဆက်မပြတ် ရေပေးဝေ သွားနိုင်ရေးအတွက် ကျောက်ဆည်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများမှ ငွေကျပ်သိန်း ၉၈၀ ကျော်ချေးယူ၍ အမေရိကန်နိုင်ငံထုတ် ၅၀ဝ ဠဗ မီးစက်ကြီးဝယ်ယူခဲ့သည်။
Ref & Photo Credit :Myanmar Builders Guide
Posted By : Witt Yee (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ