By Sint Sint, Shweproperty.com
Updated at 7 October 2020
သတ်မှတ်ချက်ကိုက်ညီသော ဆောက်လုပ်ရေးလုပ်ငန်း များ၏ ၁၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခွင့်ပြုမည်ဟု COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ က အောက်တိုဘာ ၄ ရက်တွင် ညွှန်ကြားသည်။
Bored Pile တူးခြင်း၊ အမိုးမိုးခြင်း စသည့်လုပ်ငန်းများအပါ အဝင် အချို့လုပ်ငန်းများသည် ခေတ္တရပ်ဆိုင်းမရဘဲ အဆုံးထိ ဆောင်ရွက်ရခြင်းနှင့် အချို့လုပ် ငန်းများသည် ရေတက်ရေကျ အခြေအနေပေါ် မူတည်၍ ဆောင်ရွက်ရသည်များရှိ၍ ထိုလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြု ရန် ရန်ကုန်တိုင်းအစိုးရက ဗဟို ကော်မတီထံ တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အချို့လုပ်ငန်းများသည် ခြံဝင်းအတွင်း အင်ဂျင်နီယာနှင့် လုပ်သားများ အပြင် မထွက်ဘဲ လုပ်ငန်းပြီးစီးသည်အ ထိ ဆောင်ရွက်နိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းကို တိုင်းအစိုးရ၏ ကြီးကြပ်မှု ဖြင့် ပြန်လည်ခွင့်ပြုသင့်သည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့် ညွှန်ကြားချက်များကိုလည်း တိ ကျစွာ လိုက်နာမည်ဆိုပါက ခွင့်ပြုသင့်သည်ဟု တင်ပြခဲ့၍ ဗဟိုကော်မတီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
‘‘အဓိက ရန်ကုန်တိုင်းထဲမှာ ရပ်ထားတဲ့ လုပ်ငန်းတွေဖြစ်လို့ ရန်ကုန်တိုင်းအတွက် ခွင့်ပြုပေးဖို့ ပါပဲ’’ဟု ရန်ကုန်တိုင်း ဆောက် လုပ်ရေးကြီးကြပ်မှုကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။
လက်ရှိကာလတွင် COVID - 19 ကပ်ရောဂါဖြစ်ပွားမှု မြင့် တက်နေ၍ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး မဖြစ်မနေဆောင်ရွက် ရမည့် လုပ်ငန်းမျိုးသာ ခွင့်ပြုချက်တောင်းခံသင့်ကြောင်းနှင့် သတ် မှတ်ချက်ဖြင့် ကိုက်ညီသော်လည်း လုပ်ငန်းရပ်ဆိုင်းထားရပါက ဆက်လက်ရပ်နားခြင်းသာ အ ကောင်းဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းက တိုက်တွန်းထားသည်။
နောက်ဆုံးရ သတင်းများ
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန် ကွန်ဒိုအခန်းနှင့် အဆောက်အဦးများ လှုဒါန်း
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်း တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်မှု
အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီ ၁,၀၀၀ ကျော်ကို ကန်ထရိုက်မှတ်ပုံတင်ထုတ်ပေး
ကျူးကျော်အဆောက်အအုံဆောက်မယ်ဆိုရင်
Credit : 7Days News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ