By Sint Sint, Shweproperty.com
Updated at 14 September 2020
COVID-19 ကပ်ရော ဂါကူးစက်ပျံ့နှံ့မှု တိုးလာချိန်တွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြောသည်။
ကပ်ရောဂါအခြေအနေအရ ရပ်ကွက်၊ မြို့နယ်များတွင် အ သွားအလာ ကန့်သတ်မှုများ ကြောင့် အိမ်ငှားဈေးကွက် လုံးဝ ရပ်တန့်နေပြီး အရောင်းအဝယ် ဈေးကွက်မှာ ၉၀ ရာခိုင်နှုန်းကျော် လုပ်ငန်းရပ်ဆိုင်းထားရသည်ဟု ၎င်းတို့ကပြောသည်။
ရပ်ကွက်များအတွင်း လူစိမ်းဝင်ရန်၊ အိမ်ပြောင်းရွှေ့ရန် များစွာခက်ခဲခြင်းက အိမ်ငှားဈေး ကွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းဦး ကပြောသည်။
အရောင်းအဝယ်ဈေးကွက် တွင်လည်း တရားဝင်လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရဌာနများက လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့ ထားခြင်းကြောင့် လုပ်ငန်းလုပ် ကိုင်မရကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်၏ မြေနှင့် သက်ဆိုင်သော ဌာန၊ စာချုပ်စာတမ်းမှတ်ပုံတင်ဆောင် ရွက်ရမည့် မှတ်ပုံတင်ရုံးများက လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား သည်ဟု ဦးသန်းဦးက ပြောသည်။
‘‘အိမ်ခြံမြေနဲ့ ပတ်သက်ပြီး တရားဝင်လုပ်ကိုင်စရာက အခု လောလောဆယ်မှာ ဘာမှမရှိသ လိုဖြစ်နေပြီ’’ ဟု ၎င်းကပြော သည်။
ထိုကြောင့် ပုဂ္ဂလိကရောင်း ဝယ်သူများအကြား တယ်လီဖုန်း ဖြင့် ဈေးဆိုင်ခြင်း၊ Viber၊ Mes-senger များမှ ပုံများပေးပို့၍ ညှိနှိုင်းခြင်း၊ ဝယ်လိုသူနှင့် ရောင်း လိုသူ၏ စိတ်ဆန္ဒပေါ်မူတည်ပြီး ညှိနှိုင်းခြင်း၊ အနည်းငယ် စရန်ချ ခြင်း စသည့် လုပ်ငန်းအနည်းငယ် သာရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်အချို့က ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက် ၏ လက်ရှိအခြေအနေက ကပ် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ ကို ထိန်းသိမ်းနိုင်မှုအပေါ်တည် နေကြောင်း စိုင်းခွန်းနောင် အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ ဦး စိုင်းခွန်နောင်က ပြောသည်။
လက်ရှိအချိန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲသော်လည်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့ နည်းလျှှင် ဈေးကွက်ပြန်ကောင်း လာမည်ဟု ၎င်းကဆိုသည်။ တစ် နိုင်ငံလုံးတွင် စက်တင်ဘာ ၁၃ ရက် နံနက်အထိ COVID-19 အတည်ပြုလူနာပေါင်း ၂,၇၉၆ ဦးရှိပြီး ရန်ကုန်တိုင်းမှ ၁,၃၉၉ ဦး ပါဝင်သည်။
Credit : 7Day News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ