အိမ်၌ယဉ်ကျေးခြင်း အချက် ၃၂ ချက်ရှိသည့်အနက် ယခင်ရှေ့ပိုင်းတွင် ၁၆ ချက်ကို ပြောပြီးသားဖြစ်ပါသည်။ ယခုဆက်လက်ပြီး ကျန် ၁၆ချက်ကို မျှဝေပေးသွားမည်ဖြစ်ပါသည်။


၁။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။


၂။ ထမင်းလုတ်အနီးသို့မရောက်မီ ပါးစပ်ကိုဟ၍ မထားနှင့် ပျတ်ပျတ်မြည်အောင်မစားပါနှင့်။


၃။ ဟင်းရည်သောက်လျှင်မမြည်စေရ၊ ဇွန်းနှင့်သွားကို မထိစေရ။


၄။ ဟင်းခပ်သောအခါ ဇွန်းကိုဘယ်လက်ဖြင့် ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။


၅။ ထမင်းနှင့် ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။


၆။ လက်ကိုဟင်းရည်မပေစေရ၊ ထမင်းလုံးမကပ်စေရ၊ ဟင်းခွက်ကို လက်နှင့်မနှိုက်နှင့်။


၇။ ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။


၈။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။





၉။ တည့်တည့်ထိုင်၍ စားရာ၏။


၁၀။ တစ်စုံတစ်ရာကိုအလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။


၁၁။ သူတစ်ပါး ထမင်းစားစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့မပြုအပ်ရ။


၁၂။ ထမင်းစားပွဲပေါ်ရှိအရာများကို ဟိုရွှေ့သည်ရွှေ့မလုပ်ရ။ (က္ကန္ဒြေမရသော အပြုအမူဖြစ်သည်။)


၁၃။ လူကြီးမိဘများဧည့်သည်များသည်၊ ဘာကိုအလိုရှိသနည်းဟု သတိနှင့်ကြည့်ရာ၏၊ သိလျှင် အသံမကြားစေရဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။


၁၄။လက်ဖက်ရည်ကော်ဖီသောက်သောအခါ အောက်ခံပန်းကန်ပြားထဲတွင်ထည့်၍ သောက် ခြင်းသည် မယဉ်ကျေးဟုဆိုသည်။ ၎င်းပန်းကန်ပြားသည် ဖိတ်၍မကျန်ရန်၊ မပေရန် အောက်ကခံသောအရာဖြစ်၏။


၁၅။ ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ၊ ကိုက်၍မစားပါနှင့်။


၁၆။ ထမင်းစားစဉ် စကားများများမပြောရ၊ ရွှင်ပျသောမျက်နှာထားရာ၏၊ နှစ်သက်ဖွယ်သော စကားကိုသာပြောရာ၏။


အထက်ပါအချက်များသည် ရှေးလူကြီးများချမှတ်အပ်သော ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများမှ ကောက်နုတ်ကာ ဖော်ပြထားပါသည်။


ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


စီးပွားရေး ကျဆင်းစေ၍ ရှောင်ရှားအပ်သည့် နေအိမ် အရပ်မျက်နှာ


အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ


အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို


သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ


Posted By : Sint Sint (ShweProperty.com)