By Lae' Moe, Shweproperty.com
Updated at 31 August 2015
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဒဂုံ (၄) မြို့နယ်ထဲမှာ အငှားအိမ်ရာတွေ ဆောက်လုပ် အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။
"အခန်းငှားခဈေးနှုန်းတွေ တော့ မသတ်မှတ်ရသေးဘူး၊ အပြင်မှာ ငှားနေရတဲ့ အခန်းနှုန်းထားထက် သက်သာတဲ့ နှုန်းနဲ့ငှားနိုင်အောင် စီစဉ်ပေးမယ်၊ အိမ်ပိုင်မရှိသူတွေနဲ့ အစိုးရဝန်ထမ်းတွေကို ငှားပေးမှာပါ" လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့က တည်ဆောက်မယ့် အငှားအိမ်ရာက ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန်နားမှာ ဖြစ်ပါတယ်။ အဲသည် အငှားအိမ်ရာကို စတင်အကောင်အထည် ဖော်နေပါပြီ။
အဲသည်အိမ်ရာမှာ တစ်အိမ်ထောင်ကို မိသားစုဝင် ငါးဦး နေထိုင်နိုင်ရန် လူဦးရေ (၇၀၀) ကျော် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ သည်စီမံကိန်းကို မြေဧက (၃၀) ပေါ်မှာ တည်ဆောက်နေတာ ဖြစ်ပြီး စီမံကိန်း ပြီးဆုံးသွားရင် အခန်းပေါင်း (၃၄၀၀) ကျော် ထွက်ရှိမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့က တည်ဆောက်မယ့် အငှားချအိမ်ရာကို အခု ဘဏ္ဍာနှစ် အတွင်း ဒဂုံမြို့သစ်တောင်ပိုင်း မြေ (၁၂.၅) ဧကကျော်မှာ တည်ဆောက်မှာဖြစ်ပြီး အခန်းပေါင်း (၂၀၀၀) ကျော် ပါဝင်မယ်လို့ သိရပါတယ်။
တစ်လတစ်ကြိမ် အိမ်ငှားခပေးတဲ့ စနစ်နဲ့ နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
Written By : Lae' Moe
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ