By The Kumudra, Shweproperty.com
Updated at 5 April 2016
ဒဂုံအရှေ့ပိုင်းနဲ့ ရွှေပေါက်ကံကို ဆက်ထားတဲ့ တံတားပြီးသွားတာကြောင့် တံတားအနီးက မြေဈေးကွက်တွေ ခေါ်ဈေးမြင့်လာပေမဲ့ အဝယ်ကတော့ ဈေးကွက်စုံစမ်းတာမျိုးပဲ ရှိတယ်လို့ သိရပါတယ်။
ဇာမဏီအကျိုးဆောင် မှ ဦးကျော်စွာက "ခေါ်ဈေးတွေတော့ မြင့်လာတယ်၊ အဝယ်အချို့ ပြန်ဆင်းလာပေမဲ့ ကျပ်သိန်း ၆၀၀ပတ်လည်အကွက်တွေလောက်ပဲ၊ သိန်း ၁၀၀၀ ကျော်တာတွေကတော့ ဈေးခေါ်တာလောက်ပဲ" လို့ပြောပါတယ်။
ဒဂုံအရှေ့ပိုင်းမှာ ၁၂၈၊ ၁၂၇ ၊ ၁၅၉ စတဲ့ ကျန်စစ်သားလမ်းမတန်းရှိ မြေကွက်ဈေးတွေ ခေါ်ဈေးမြင့်လာတာလို့ သိရတယ် ။ ၁၃၈ ၊ ၁၃၉ စတဲ့အနီးအနာရှိ ရပ်ကွက်တွေမှာ တော့ ဈေးမတက်ပေမဲ့ အဝယ်တွေ အာရုံစိုက်လာတယ်လို့ အကျိုးဆောင် တချို့က ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်နိုင် က "တံတားပြီးသွားတော့ ဈေးကွက်နည်းနည်းပြန်လှုပ်လာတာပါ" လို့ပြောပါတယ်။ တံတားအနီးနဲ့ ကျန်စစ်သားလမ်းမ အနီးရှိ မြေကွက်ဈေးတွေက ပေ ၄၀ x ပေ ၆၀ ကို ကျပ်သိန်း ၆၀၀ နဲ့ ၆၅၀ လောက်ရှိပြီး လုံးချင်းအိမ်တွေကတော့ သိန်း ၁၂၀၀၊ ၁၃၀၀ ရှိတယ် ။ အတွင်းကွက်တွေကတော့ ကျပ်သိန်း ၁၀၀ အောက်များပြီး အများစုံးဈေးကတော့ ကျပ်သိန်း ၁၂၅ သိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : MOI Webportal Myanmar
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ