By 7daydaily, Shweproperty.com
Updated at 10 February 2015
ရွှေတိဂုံစေတီမြင်ကွင်း ကွယ်၊ မကွယ်စစ်ဆေးရန် တည် ဆောက်ရေးလုပ်ငန်းများခေတ္တ ရပ်ဆိုင်းခြင်းခံထားရသည့် ဒဂုံစီး တီးစီမံကိန်းကို မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး မူလ ရေးဆွဲထား သည့် စီမံကိန်းပုံစံအတိုင်း တည် ဆောက်ခွင့်ရနိုင်ကြောင်း Marga Land Mark ကုမ္ပဏီက ယနေ့ သတင်းထုတ်ပြန်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရပ်ဆိုင်းလိုက်သည့် စီမံကိန်း ငါးခုအနက် တစ်ခုအပါအဝင်ဖြစ် သော ဒဂုံစီးတီးစီမံကိန်းကို ဇန်န ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ အင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများ လိုက် နာပြီး တည်ဆောက်မည်ဖြစ်သောကြောင့် မကြာမီ ဆောက်လုပ်မှုများ ပြန်လည်စတင်နိုင်တော့မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရပ်ဆိုင်းထားသည့် စီမံကိန်း ငါးခုကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းက စတင်စစ်ဆေးနေပြီး ရလဒ်ကို ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်ပေးမည်ဟု အဆိုပါအသင်းအတွင်းရေးမှူး မမေမြတ်နိုးကပြောကြားထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိ ထားသည့် အဆိုပါအိမ်ရာစီမံ ကိန်းမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ သတ် မှတ်မည့် ဇုန်ဧရိယာအတွင်း ရှိ နေသည်။ အဆိုပါဒဂုံစီးတီးစီမံကိန်းမှ ရွှေတိဂုံစေတီနှင့် နီးစပ်စွာရှိနေ ပြီး တည်ဆောက်လိုက်ပါက စေတီ၏ မြင်ကွင်းလမ်းကြောင်း ကွယ်ပျောက်စေနိုင်သောကြောင့် ယင်းနေရာတွင် စီမံကိန်း လုပ် ဆောင်ရန် မသင့်ကြောင်း မြို့ပြ ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် စောင့်ကြည့်လေ့လာသူအဖွဲ့ အစည်းများက ထောက်ပြပြောဆို ထားသည်။ ထို့အပြင် ယင်းမြေနေရာ တွင် စီမံကိန်းများ စတင်နေစဉ် အတွင်း အမြင့်ပေ သတ်မှတ် ချက်မှာလည်း အတည်မဖြစ်သေး ဘဲ စည်ပင်နှင့် ညှိနှိုင်းဆဲသာဖြစ် ကြောင်း မြို့ပြစီမံကိန်းမြေယာ ဌာန ညွှန်ကြားရေးမှူး ဦးတိုး အောင်က မီဒီယာများနှင့် တွေ့ဆုံ စဉ်ပြောကြားထားသည်။ အဆိုပါဧရိယာတွင် အ ဆောက်အအုံများ ဆောက်လုပ်ပါ က ရွှေတိဂုံစေတီရင်ပြင်တော် အမြင့်အထိသာ တည်ဆောက်ရ မည်ဖြစ်ပြီး အခန်းတစ်ခန်းလျှင် ၁၂ ပေ နှုန်းဖြင့် အမြင့်ပေ ၁၄၄၊ ၁၂ ထပ်အမြင့်အထိသာ တည် ဆောက်သွားရန် ကုမ္ပဏီကရည် ရွယ်ထားသည်ဟု ၂၀၁၄ ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထားသည်။ သို့သော်စစ်တပ်မှ လွဲှပြောင်းလုပ်ကိုင်ခွင့်ရရှိသည့် အဆိုပါ မြေနေရာကို ကုမ္ပဏီက မည်ကဲ့ သို့ လွှဲပြောင်းရရှိထားသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။ အဆိုပါအိမ်ရာစီမံကိန်းကို မြန်မာကုမ္ပဏီ သုခရတနာ၊ ဟောင်ကောင်နှင့် ဗြိတိန်ရင်းနှီး မြှုပ်နှံသူများပါဝင်သည့် Marga- Land Mark ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ငါးနှစ်မှ ခြောက်နှစ်အတွင်း အခန်းပေါင်း ထောင်ကျော်ပါဝင်မည့် စီမံကိန်း ကို အပြီးဆောင်ရွက်မည် ဖြစ် သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထ မပတ်က ရွှေတိဂုံစေတီနှင့် နီးစပ် စွာ တည်ရှိသည့် စစ်တပ်ပိုင်မြေ များတွင် တည်ဆောက်မည့် အ ထပ်မြင့် စီမံကိန်း ငါးခုကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခေတ္တ ရပ်ဆိုင်းထားခဲ့သည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ