By 7daydaily, Shweproperty.com
Updated at 1 March 2016
ဒဂုံစီးတီးစီမံကိန်းအ တွက် မြေအစားထိုးပြန်ပေးမှုကို လက်ရှိအစိုးရ သက်တမ်းမကုန်မီ အတွင်း အပြီးဆောင်ရွက်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ဒဂုံစီးတီးစီမံကိန်းသည် လက်ရှိအစိုးရလက်ထက်တွင် အ ကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော်ဧရိယာနှင့် နီးကပ်သည့်အတွက် စီမံကိန်းကိုကန့်ကွက်သဖြင့် ၂၀၁၅ ဇူလိုင် ၇ရက်က အမိန့်ကြော်ငြာစာထုတ်ပြန်၍ စီမံကိန်းအား ရပ်ဆိုင်းခဲ့သည်။ လက်ရှိအစိုးရ၏ စီမံကိန်းများဖြစ်၍ အစိုးရသက်တမ်းမကုန်မီ အချိန်မီ မြေအစားထိုးပြန်ပေးမည်ဟု ဆိုသည်။
‘‘လက်ရှိအစိုးရကပဲ ခွင့်ပြု တယ်။ လက်ရှိအစိုးရကပဲ ရပ်ခဲ့ တယ်။ ဒါကြောင့် ဒီအစိုးရလက် ထက်မှာပဲ ကိစ္စတွေပြီးအောင် လုပ်သွားမယ်’’ဟု ဦးအောင်နိုင်ဦး ကပြောသည်။
ဒဂုံစီးတီးစီမံကိန်းတွင် ကုမ္ပ ဏီလေးခုပါဝင်ပြီး လက်ရှိတွင် Marga Landmark Development ကုမ္ပဏီကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပိုင်ဆိုင်သည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းဒေါင့်ရှိ မြေ ၁၇ ဧကကျော်အား အစားပြန်ပေးမည်ဖြစ်သည်။ ကျန်ရှိနေသေးသည့် ကုမ္ပဏီသုံးခုအတွက်လည်း မြေနေရာများချထားပေးရန် အဆိုပြုလွှာများ လက်ခံထားပြီဖြစ်သည်ဟုဆိုသည်။ သုခရတနာကုမ္ပဏီလီမီတက်၊ Adven-ture Myanmar Tours and Incentives ကုမ္ပဏီလိမီတက်တို့အား မြေအကျယ်အဝန်း ကိုးဧကခန့်ရှိသည့် ကုန်သည်စက်မှုအသင်းချုပ်ရုံးနောက်ရှိ ယခင်ကုန်သွယ်ရေးပိုင်ဂိုဒေါင်နေရာအား အစားထိုးပေးရန် စီစဉ်ထားကာ ရွှေတောင်ကုမ္ပဏီကိုလည်း ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်း ထောင့်နားရှိ ယခင် မီးရထားရုံးဟောင်းနေရာကို အစားပေးမည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့နယ်အရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ်(၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းကို အဆင့်မြင့်အိမ်ရာစီမံကိန်းများ တည်ဆောက်ရန် လက်ရှိ အစိုးရလက်ထက်တွင် စစ်တပ်က ကုမ္ပဏီများအား ဘီအိုတီစနစ်ဖြင့် နှစ်ရှည်ငှားရမ်းခွင့်ပေးခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ