By 7daydaily, Shweproperty.com
Updated at 15 June 2015
ဒေါ်လာဈေးမတည်ငြိမ် ဘဲ အတက်အကျများနေသဖြင့် သွင်းကုန်လုပ်ငန်းအချို့ရပ်တန့် ထားကြောင်းသတင်းရရှိသည်။
‘‘ပို့ကုန်ကတော့ ပုံမှန်ပို့နေ တယ်။ သွင်းကုန်တွေကတော့ ဈေးမငြိမ်လို့ ဘယ်သူမှအရှုံးခံပြီး မလုပ်ချင်ကြတော့ဘူး’’ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးမျိုးညွန့်ကပြော သည်။
သွင်းကုန်များကိုလက်ရှိဒေါ် လာပေါက်ဈေးအတိုင်းတင်သွင်း ရောင်းချပြီး ဒေါ်လာဈေးတက်ချိန် တွင် အရင်းမရဘဲအရှုံးများနေသ ဖြင့် ဒေါ်လာဈေးအမြင့်ဆုံးရောက် ခဲ့သည့်ရက်မှစ၍ အရောင်းအ ဝယ်ရပ်ဆိုင်းထားကြောင်း ထိုင်း- မြန်မာနယ်စပ်မှတစ်ဆင့်လူသုံး ကုန်ပစ္စည်းများတင်သွင်းနေသည့် ကိုပြည့်စုံက ပြောသည်။
‘‘စက်သုံးဆီကတော့မရှိမ ဖြစ်တင်သွင်းရတယ်။ ဈေးကြီးလို့ မတင်လို့လည်းမရဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ ကျပ်ငွေနဲ့ရောင်းပြီး ဝယ်ရတော့ ဒေါ်လာနဲ့ဝယ်ရ တယ်။ ဒေါ်လာပြန်ဝယ်လို့မရတဲ့ လွန်ခဲ့တဲ့နှစ်ရက်က အချိန်တွေမှာဆို စက်သုံးဆီတင်သွင်းတာရပ်သွားမလိုတောင်ဖြစ်ခဲ့တယ်’’ ဟု စက်သုံးဆီ တင်သွင်းဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူးဒေါက်တာဝင်းမြင့်က ပြောသည်။
ပို့ကုန်လုပ်ငန်းများအမြတ်ရ နေသော်လည်း သွင်းကုန်လုပ်ငန်း ရှင်များပုံမှန်လည်ပတ်ရန်နှစ်လ၊ သုံးလခန့်အချိန်ယူရမည်ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါ်ထူးထူးလတ်က ပြောသည်။
ဒေါ်လာဈေးအတက်အကျ များပြီးမတည်ငြိမ်သဖြင့် သွင်း ကုန်များကို သာမန်အမြတ်အပြင် ဒေါ်လာဈေးကွာခြားမှုကြောင့် ဖြစ်လာမည့် အရှုံးအတွက်အမြတ် ပိုယူနေရကြောင်း စက်သုံးဆီတင် သွင်းသည့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘အခုဈေးတက်ချိန်မှာ မှာ ထားပြီးဈေးပြန်ကျလို့ရောင်းရင် ဘယ်သူမှဝယ်မှာမဟုတ်ဘူး။ အ ရှုံးက အရမ်းကွာနေလို့အရောင်း အဝယ်မဟုတ်တော့ဘူး’’ဟု သွင်း ကုန်လုပ်ငန်းရှင်ဦးမြတ်အောင်က ပြောသည်။ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာများကို တိုက်ရိုက် ရောင်းချမည်ဖြစ်ကြောင်းဗဟို ဘဏ်က ပြောကြားထားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ