By myanmar property journal, Shweproperty.com
Updated at 26 June 2013
မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက်ပြောင်းရွေ့ဖွင့်လှစ်မည် ဆိုသောကြောင့်မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ မြေကွက်များ လက်ရှိပေါက်ဈေးထက် ကျော်လွန်ကာ ဈေးမြင့်ခေါ်ယူလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ပုလဲမြို့သစ်မြေကွက်များမှာ အမှတ် ၃ လမ်းမကြီး ဖွင့်လှစ်ပြီးစီးသည့်အချိန်မှစ၍ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက် ဖွင့်လှစ်မည်ဆိုသောကြောင့် မြေကွက်များအား လက်ရှိပေါက်ဈေးမြင့်မားနေသလောက် အရောင်းအဝယ်ဖြစ်မှု နည်းပါးကြောင်း သိရသည်။
“ဒီဘက်မှာ မြေကွက်ပေါက်ဈေးက ဒီလောက်အမြင့်ကြီးမဟုတ်ဘူး၊ မြေရှင်တွေက ဈေးစွတ်ခေါ်နေတာ၊ ဈေးမြင့်တော့ အဝယ်လည်းမလိုက်တော့ဘူး၊ အလုပ်မဖြစ်ဘူး၊ တကယ့်တကယ်အကွက်ကောင်းတွေကျတော့လည်း ဗိုလ်မှူးတွေ၊ အကြီးစားကုမ္ပဏီအုပ်စုတွေ၊ သက်ဆိုင်ရာလူကြီးတွေပဲ ပိုင်ကြတာ၊ အမှတ် ၃ လမ်းမကြီးဖွင့်ကတည်းက သင်္ဃန်းကျွန်း၊ ပုလဲ၊ ထောက်ကြန့်၊ နွယ်ခွေဘက်က မြေကွက်တွေရဲ့ ဈေးကမြင့်လာတာ ခုထိပဲ”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ပုလဲမြို့သစ်၊ အမှတ် ၃ လမ်းမတန်းတစ်လျှောက်ရှိမြေဧကနှင့် မြေကွက်များမှာဝယ်ယူမှုများရှိ သော်လည်း ရောင်းချမည့်မြေကွက်မှာ မရှိသလောက်နည်းပါးပြီး အမှတ် ၃ လမ်းမတန်းတစ်လျှောက် မြေတစ်ဧကလျှင် ငွေကျပ်သိန်း ၂,၅၀၀ မှ ၃,၀၀၀ အထိပေါက်ဈေးရှိကြောင်း၊ ပေ ၁၅၀ -၂၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင်မှု၊ ငွေကျပ် သိန်း ၅,၅၀၀ အထိ ပေါက်ဈေးရှိကာ အဝေးပြေးလမ်းမတန်းဖြစ်သည့်အတွက် အများစုမှာ ဓာတ်ဆီဆိုင်များ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ ယာဉ်ကြီးပြုပြင်သည့်ဝပ်ရှော့များ ဖွင့်လှစ်ရန်ဝယ်ယူကြကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ