By The Voice Weekly, Shweproperty.com
Updated at 22 January 2012
ဒဂုံတက္ကသိုလ်သို့သွားရာလမ်းမကြီးတစ်ခုဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ဗိုလ်မှူးဗထူးလမ်းမကြီးပေါ်ရှိပေ ၄ဝ x ပေ ၆ဝ မြေကွက် (အကြမ်း ဈေး) နှုန်းများသည့် ကျပ်သိန်းတစ်ထောင် ကျော်ခန့်အထိ ဆက်လက်မြင့်တက်နေကြောင်း ဒဂုံမြို့နယ်မြောက်ပိုင်း၊ (၄၈) ရပ်ကွက်ရှိ ကောင်းကောင်း (၂) အိမ်၊ ခြံ၊ မြေ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က The Voice Weekly သို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြော ကြားသည်။
ဇန်နဝါရီလဆန်းပိုင်းအတွင်း ဒလ ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာစက်မှုဇုန်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် အိမ်၊ ခြံ၊ မြေ ဈေး ကျဆင်းခဲ့သော်လည်း အထက်ပါနေရာ တွင် ဆက်လက်မြင့်တက်နေခြင်းဖြစ် သည်။
အဆိုပါလမ်းမကြီးဘေးရှိ ပေ ၄ဝx ၆ဝ မြေကွက်ဈေးနှုန်းများသည် ပြီးခဲ့သည့် သုံးလက သိန်း ၅ဝဝ မှ သိန်း ၆ဝဝ ခန့်ဝန်းကျင်ရှိခဲ့ပြီး ဗိုလ်မှူး ဗထူးလေးလမ်းသွားလမ်းမကြီး ဖောက် လုပ်နေမှုကြောင့် ၂ဝ၁၂ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အတွင်းတွင် သိန်းတစ် ထောင်ခန့်အထိ ဈေးပေါက်နေကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
ယင်းဈေးနှုန်းသည် မြေဈေးနှုန်း သီးသန့်ဖြစ်ပြီး အိမ်ဆောက်ထားပါက အိမ်၏ တန်ဖိုးကို (ဥပမာအားဖြင့် အိမ် တန်ဖိုး သိန်း ၂ဝဝ စသည်ဖြင့်) ထပ်မံ ပေးချေရမည်ဖြစ်ပြီး ယင်းလမ်းမကြီး ပြီးစီးပါက ဈေးနှစ်ဆအထိမြင့်တက် သွားနိုင်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မော်ဒန်၊ မြတ်ကောင်းကင် နှင် ပစ်တိုင်းထောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တို့က ခန့်မှန်းသည်။
ယင်းလမ်းမတစ်လျှောက် အိမ်၊ ခြံ၊ မြေ ဈေးမြင့်တက်နေသည်မှာ မှန်ကန် ပြီး ၄၃ ရပ်ကွက်ရှိ တိုက်အဟောင်းပါ ပေ ၄ဝ x ပေ ၆ဝ ခြံ၊ မြေတစ်ကွက် ကို ဇန်နဝါရီလဆန်းပိုင်းက သိန်း ၁၇ဝဝ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အသက် ၅ဝ ကျော်ခန့်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၏ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း သည် ယခင် တစ်နှစ်က လုပ်ငန်းအရေအတွက် ၂ဝ သာ ရှိခဲ့ရာမှ ယခုအခါ အကျိုးဆောင်လုပ်ငန်း ၃၅ ခုခန့် ထိရှိလာပြီဖြစ်ကြောင်း ယင်း အိမ်၊ ခြံ၊မြေ ဈေးကွက်အတွင်းမှ သိရသည်။
''အဲဒီလမ်းက မြောက်ဒဂုံရဲ့ အဓိက လမ်းမကြီးဖြစ်တယ်။ အရင် နှစ်လမ်း သွားတုန်းက ယာဉ်မတော်တဆဖြစ်မှုတွေ ခဏခဏဖြစ်တယ်'' ဟု အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)၏ လေးလမ်း သွားတိုးချဲ့ ဖောက်လုပ်ရေးတာဝန်ရှိသူ လက်ထောက်ဌာနမှူး ဦးဇော်မင်းထွေး က ရှင်းပြသည်။
ပေတစ်သောင်းခွဲကျော် အရှည်ရှိ ဗိုလ်မှူးဗထူးလမ်းမကြီးကို အကျယ်၄၈ ပေလေး လမ်းသွားအထိ တိုးချဲ့လျက် ရှိပြီး ပြီးစီးမည့်အချိန်ကို မသိရသေးပေ။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် (၇)ရပ်ကွက် ပြည်ထောင်စုလမ်းအနီးတွင် အိမ်အရောင်းအဝယ်ပါမစ်အတုများ ရောင်းဝယ်မှုနှင့် ငွေကြေး ၅ဝဝဝ ကျပ်တန် အတုရောင်းဝယ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရသည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ