By Myanmar Times, Shweproperty.com
Updated at 16 July 2015
ဟံသာဝတီ လေဆိပ်စီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ယခုနှစ်အတွင်း တည်ဆောက်လျက်ရှိသော တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကြောင့် အဆိုပါဒေသများရှိ အိမ်ခြံမြေများကို ဝယ်ယူသူများ အာရုံစိုက်လာခြင်းနှင့်အတူ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၏ အိမ်ခြံမြေဈေးကွက်ကိုလည်း ယခုလပိုင်းအချိန်များတွင် စိတ်ဝင်စားသူများပြားခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင် အထည်ဖော်ရန် ပြင်ဆင်နေချိန်တွင် မြို့သစ် စီမံကိန်းနှင့်အတူ ထိုမြို့သစ်စီမံကိန်းနှင့် နီးစပ်ပြီး မကြာမီအချိန်ကတည်ထောင်ခဲ့သော မြို့သစ်များတွင် မြေရင်းနှီးမြှုပ်နှံလိုသူ များ စိတ်ဝင်စားမှုများပြားလာကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ သစ္စာအိမ်ခြံမြေ အကျိုးဆောင် ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။ "ရန်ကုန်မြို့သစ်စီမံကိန်း စတော့မယ်လို့ သတင်းတွေကြားလာတော့ မြို့သစ်စီမံကိန်း နဲ့ နီးစပ်နေတဲ့ မြို့တွေကို စုံစမ်းတာတွေ များလာတယ်။ မြို့သစ်က အခုမှတည်မှာဖြစ်လို့ အသစ်စလုပ်ရမှာဖြစ်ပြီး ဒီမြို့တွေက အတန်အသင့် ဖွံ့ဖြိုးတိုးတက်နေတဲ့မြို့တွေဖြစ်ပြီး မြေဈေးတွေလည်း အရမ်းမကြီးမြင့် သေးလို့ ဝယ်ယူလိုသူတွေ စိတ်ဝင်စားကြတာလည်း ဖြစ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။
လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က စတင် ခဲ့သော ဟံသာဝတီလေဆိပ်စီမံကိန်း၊ ပဲခူးစက်မှုဇုန် စီမံကိန်းများ အကောင်အထည်ပေါ်လာပါက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သည် အချက်အချာ ကျသော မြို့နယ်တစ်ခု ဖြစ်လာနိုင်ပြီး စီးပွားရေးအခွင့်အရေးများ လည်း များပြားလာနိုင်ကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်ဟောင်းဖြစ်သူ အာရှ ဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အိမ်ခြံမြေဈေးများမှာ အဓိကလမ်းမ တန်းများတွင် သိန်းထောင်ချီရှိပြီး အတွင်းလမ်းများတွင် နေရာအနေအထားကိုလိုက်ပြီး သိန်း ၅၀၀မှ သိန်း ၁,၀၀၀ ကျော်ခန့်အထိ ရှိကြောင်း ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ "အခု အတွင်းလမ်းတွေလည်း ပိုစည် ကားလာပြီးနောက်ပိုင်းမှာ ဒီစီမံကိန်းအကြီး စားတွေ အကောင်အထည်ပေါ်လာရင် မကြာမီအချိန် အတွင်းမှာ အရှေ့ဒဂုံမြို့နယ်က တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ စည်ကားလာမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
အရှေ့ဒဂုံမြို့နယ်တွင် ယခုလပိုင်းအတွင်း မြေကွက်အရောင်းအဝယ်များလည်းရှိပြီး မြေဈေးများလည်း အနည်းငယ် မြင့်တက်လျက် ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးအောင်ကိုက ပြောသည်။ "အခုလပိုင်းအတွင်းမှာ အရှေ့ဒဂုံမြို့နယ် မှာ အိမ်ခြံမြေအရောင်းအဝယ်တွေ ပိုဖြစ်တယ်လို့ ပြောလို့ရတယ်။ ရန်ကုန်မြို့သစ် စီမံကိန်း စမယ်ဆိုကတည်းက အရောင်းအဝယ် နည်းနည်းပိုဖြစ် လာတယ်။ ဈေးအမေး ဒီရက်ပိုင်းမှာ နေ့တိုင်းနီးပါးရှိပေမယ့် အားလုံးတော့ အရောင်းအဝယ်မဖြစ်ပါဘူး။ စောင့်ကြည့်တဲ့အနေအထားမှာပဲရှိတယ်" ဟု ၎င်းက ပြောသည်။ Ref : Myanmar Times Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ