By The Voice Weekly, Shweproperty.com
Updated at 7 August 2013
ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည့် အိမ်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ရုပ်လုံးပေါ်လာခြင်းနှင့် မြို့ပြဧရိယာ တိုးချဲ့မည့် သတင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ရောင်းသမားများက မြေကွက်များကို ဝယ်ယူကာ ဈေးမြှင့် ခေါ်ဆိုနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောဆိုသည်။
“မေလတုန်းက အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ ပေ ၄၀ x ပေ ၆၀ မြေ တစ်ကွက်ကို ၇၀၀ (ကျပ်သိန်း) လောက်ပဲ ရှိတာ။ အခု ၁၀၀၀ (ကျပ်သိန်း) ကျော်လောက် ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။
ယင်းမြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိသော (၆၀) ရပ်ကွက် နှင့် (၆၁) ရပ်ကွက် တို့ရှိ မြေကွက်များကို အဓိကထား၍ ဈေးနှုန်းမြှင့် ခေါ်ဆိုလျက် ရှိသော်လည်း အရောင်းအဝယ်သည် သိသိသာသာ တက်လာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောဆိုသည်။
အဆိုပါ မြို့နယ်တွင် မြေကွက် ဈေးနှုန်းများ တက်လာသော်လည်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း များသည် ပုံမှန်အတိုင်းသာ ရှိပြီး အရောင်းအဝယ် အေးကာ အငှားသာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အကျိုးဆောင်များထံမှ သိရသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ