By Myanmar Builders Guide, Shweproperty.com
Updated at 23 July 2019
ဟောင်ကောင်အခြေစိုက်လုပ်ငန်းတစ်ခုနဲ့ မြန်မာတို့ပူးပေါင်းပြီး ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ထဲမှာ Community Market တစ်ခုကို တည်ဆောက်သွားမယ်လို့ သတင်းရရှိပါတယ်။
ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၈၇ သန်းကျော်တန်ပြီး ကားအစီး တစ်ထောင်ကျော်ပါဝင်တဲ့ ကားပါကင်နဲ့ ဂိုထောင်တွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အုံတွေပါ ပါဝင်မယ်လို့ သိရပါတယ်။
စီမံကိန်းအသေးစိတ်ကိုလက်ရှိမှာ ရေးဆွဲနေပြီး အသေးစိတ်ကို မကြာမှီမှာ ထွက်ပေါ်လာဖွယ်ရှိတယ်လို့သိရပါတယ်။
မြို့တွင်းမှာ ကျပ်တည်းနေတဲ့ စီးပွားရေးအဆောက်အအုံတွေကို ဖြေလျှော့စေဖို့အခုလို ဟောင်ကောင်အခြေစိုက်လုပ်ငန်းနဲ့ပူးပေါင်းပြီး ဆောင်ရွက်ရတာဖြစ်တယ်လို့သိရပါတယ်။
အခုဘဏ္ဍာနှစ်ရဲ့ ကိုးလအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၇ ခုကို ခွင့်ပြုပေးလိုက်တာပါ။
အဲ့ဒီလုပ်ငန်း ၂၀၇ ခုရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
Ref : Myanmar Builders Guide
Photo Credit : Globalnewlightofmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ