By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 6 June 2018
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိမ်ရာပရောဂျက်များစွာ ဆောက်လုပ်လျှက်ရှိတာကြောင့် နောက်ပိုင်း အိမ်ခြံမြေအရောင်းအဝယ် တိုးတက်လာနိုင်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အကျိုးဆောင်တချို့ထံမှ သိရှိရပါတယ်။
လက်ရှိမှာ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ ဒဂုံ(၄)မြို့နယ်က မဆောက်လုပ်ရသေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို လူအများစိတ်ဝင်စားလျက်ရှိနေသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆောက်လုပ်ပြီးအိမ်ရာတွေရဲ့ အရောင်းအဝယ်မှာလည်း ရောင်းသူ၊ဝယ်သူ တိုးတက်မျှတလျှက်ရှိကြောင်းကို အတာ အကျိုးဆောင်လုပ်ငန်းမှ မနှင်းနွယ်လွင်မှ ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆောက်လုပ်ပြီးအိမ်ရာတွေ အရောင်းအဝယ်သွက်နေရခြင်းမှာ ပေးရတဲ့တန်ဖိုးနှင့် မြို့ထဲနဲ့ မဝေးလွန်းတဲ့နေရာမှာ နေထိုင်နိုင်ခြင်းတို့ကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ရွေးချယ်မှုများတာကြောင့် ဖြစ်ကြောင်းကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာတွင် နေထိုင်သူတစ်ဦးမှ ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆောက်လုပ်ပြီးတိုက်ခန်း၊အခန်းကျယ်တွေရဲ့ ဈေးနှုန်းမှာ အနည်းဆုံး သိန်း(၁၀၀)မှ စတင်ကာ အများဆုံး သိန်း (၈၀၀)ထိ ရောင်းချနေလျှက်ရှိကြောင်းကို အိမ်ခြံမြေဈေးကွက်မှ သိရှိရပါတယ်။
တန်ဖိုးနည်းအိမ်ရာပရောဂျက်တွေ ပြီးစီးမယ့် လာမည့်နှစ်အတွင်းမှာ အဆိုပါ ပရောဂျက်များ တည်ရှိရာမြို့နယ်တွေမှာ အိမ်ခြံမြေအရောင်းအဝယ် မြင့်မားလာနိုင်ပြီး လူနေမှုလည်း ထူထပ်လာနိုင်တယ်လို့ အိမ်ခြံမြေပညာရှင်တွေက သုံးသပ်လျှက်ရှိပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Globalnewlightofmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ