By 7daydaily, Shweproperty.com
Updated at 5 October 2015
Photo Credit : Internet
ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်းရှိ ပေ(၄၀×၆၀) မြေကွက် ၁၁၅ ကွက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာနက အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၈၅၀ နှင့် ဝယ်ယူနိုင်ကြောင်း ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းမှ သတင်းရရှိသည်။
ဝယ်ယူလိုသူများ အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနတွင် လျှောက်ထားဝယ်ယူနိုင်ပြီ ဖြစ်သည်။ မြေကွက်ဝယ်ယူသူများအနေဖြင့် မြေကွက်တစ်ကွက်လျှင် လေးရစ်ခွဲ ငွေပေးချေရမည်ဖြစ်ကာ ပထမအရစ်ကျပ်သိန်း ၄၅၀ ၊ ဒုတိယအရစ် ကျပ်သိန်း ၂၀၀၊ တတိယအရစ် ကျပ်သိန်း ၁၀၀၊ စတုတ္ထအရစ် ကျပ်သိန်း ၁၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
‘‘ဝယ်ယူသူတွေအနေနဲ့ မြေ ကွက်တစ်ကွက်မှာ အဆောက်အ အုံကို ခြောက်ထပ်အထိ ဆောက် လုပ်ခွင့်ပြုတယ်။ ကားဂိတ်လုပ်ငန်းနဲ့ ပွဲရုံလုပ်ငန်းနှစ်မျိုးကို လုပ်ကိုင်ခွင့်ပေးထားတယ်’’ဟု ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုကဲ့သို့ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ပေ (၄၀×၆၀) မြေကွက်များ ရောင်းချရခြင်းသည် အဝေးပြေး ယာဉ်ရပ်နားစခန်းစည်ကားလာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
‘‘ဒဂုံဧရာအဝေးပြေး ယာဉ် ရပ်နား စခန်းမှာ မြေကွက်တွေစရောင်းတာ ပြီးခဲ့တဲ့ ၂၀၁၄ ကတည်းကပါ။ လူသိပ်မသိလို့ မဝယ်ကြဘူး။ အဲဒါကြောင့် ယခုနှစ်သြဂုတ်လပိုင်းမှာ နိုင်ငံပိုင်သတင်းစာနဲ့ ပွဲရုံတွေမှာ ရောင်းချနေကြောင်း ကြေညာခဲ့တယ်။ ဘယ်နေ့နောက် ဆုံးထားဝယ်ယူနိုင်တယ်ဆိုတာ မသတ်မှတ်ထားပါဘူး’’ဟု ဘုရင့် နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ