By The Trade Times, Shweproperty.com
Updated at 1 July 2014
အလံပြဘုရားလမ်းနှင့် ရွှေတိဂုံဘုရားလမ်းအကြားရှိ ယခင်တပ်မတော်မော်တော်ယာဉ်တပ်ရင်းနေရာတွင် ၂၂ဧကမြေအကျယ်တဝန်းတွင် ရုံးခန်းများ၊လူနေတိုက်ခန်းများကို အမေရိကန်ဒေါ်လာသန်း ၃၀၀ အသုံးပြပြီးတည်ဆောက်သွားမည်ဖြစ်ပါသည်ဟု လုပ်ကိုင်ခွင့်ရရှိခဲ့သည့် Marga Landmark မှ ဥက္ကဋ္ဌ Dr. Stephem Suem ကမီဒီယာများအားပြောသည်။
ဟောင်ကောင် အခြစိုက်အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် Marga Landmark မှမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းရှိ သုခရတနာဆောက်လုပ်ရေးနှင့်အကျိုးတူပူးပေါင်းကာ bot စနစ်ဖြင့် နှစ်ပေါင်း၅၀ တိတိလုပ်ကိုင်ခွင့်ရထားပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၃၀၀ ကျော်ခန့်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှသိရသည်။
ယင်းဒဂုံမြို့တော်အိမ်ရာစီမံကိန်း (၁) နှင့်ပတ်သတ၍် သတင်းစာရှင်းလင်းပွဲကိုဇွန်လ ၂၃ရက်တွင် ဆူးလေရှန်ဂရီလာဟိုတည်၌ ကျင်းပပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့က ၇၀ ရာခိုင်နှုန်းနဲ့ပြည်တွင်း သုခရတနာကုမ္ပဏီက ၃၀ရာခိုင်နှုန်း အကျိုးတူလုပ်သွားမယ်။ Dagon City (1) စီမံကိန်းကမြေ ၂၂ ဧက အကျယ်အဝန်းမှာ လုပ်သွားမယ်။ အဲဒီနေရာကနောက်ထပ်ကျန်တဲ့မြေခုနှစ်ဧကကိုတော့ သုခရတနာကပဲနောက်ပိုင်းမှာ Dagon City (2) ကိုဆက်လုပ်သွားမယ်" ဟု ၎င်းဆက်လက်ပြောသည်။
ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသည့်နေရာဖြစ်သဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဘက်က သတ်မှတ်ထားသည့်အမြင့်အတိုင်းသာဆောက်လုပ်သွားမယ်ဖြစ်ကာ ယင်းမြေနေရာတွင်စီမံကိန်းများ လုပ်ကိုင်ခွင့်ကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှုံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့်တရားဝင်လမ်းကြောင်းများမှတဆင့်လုပ်ကိုင်ခွင့်ရရှိထားခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း မည့်သည့်နှုန်းထားများဖြင့်ဌားရမ်းထားခဲ့ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့ပေ။
ယင်းမြေနေရာပေါ်တွင် အိမ်ရာစီမံကိန်းများ မည့်သို့မည်ပုံ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး နိုင်ငံတော်သို့ တစ်နှစ်လျှင် ဌားရမ်းခ မည်မျှပေးဆောင်ရမည်ဆိုခြင်းနှင့် ပတ်သတ်၍ ပြည့်ပြည့်စုံစုံသိရှိရန် အကျိုးတူပူးပေါင်းလုပ်ကိုင်မည့် ပြည်တွင်းကုမ္ပဏီဖြစ်သည့် သုခရတနာဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာဦးသောင်းထိုက်မင်းကိုမေးမြန်းခဲရာ " သူတို့ပြောသွားတဲကအထဲမှာတော်တော်ပြည့်ပြည့်စုံစုံပါသွားလို့ ပြောစရာမရှိပါဘူး " ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းစီမံကိန်းတွင် ဆိုင်ခန်းများ၊ နိုင်ငံတကာအဆင့် " A " Grade ရုံးခန်းများ ၊ ကြယ်ငါးပွင့့်အဆင့်ဟိုတယ် ၊ စူပါမားကတ်ကြီးများနှင့် လူနေတိုက်ခန်းများ ၊ ပါဝင်၍ ဦးထောင်ဘိုအဝိုင်းနှင့်ရန်ကုန်တိရိစ္ဆာန်ဥယာဉ်အနီးတွင် တည်ရှိကာစီမံကိန်းများကို ၂၀၁၄ နှစ်ကုန်ပိုင်းတွင် စတင်သွားမည်ဖြစ်ပြီး စီမံကိန်းကာလကို ငါးနှစ်ခန့်မှန်းထားကြောင်းသိရသည်။
Dagon City (1) စီမံကိန်းကြီးကို ဟောင်ကောင်ရှိ International Commercial Centr နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ropping Hill အစရှိ သည့် Mix -use Development တို့၏ ဒီဇိုင်းပုံစံများကိုမှီငြမ်းပြီး စတုရန်းပေ ၆၀၀ မှ ၂,၀၀၀ ကျော် အသုံးပြု၍ လူနေရှစ်ထပ် အဆောက်အဆုံများ၊ Panthouses များထည့်သွင်းပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းကို တောင်ကိုရီးယား၊ ဟောင်ကောင် ၊ အင်္ဂလန်တို့မှ နိုင်ငံတကာအိမ်ရာ ရင်းနှီးမြှုပ်နှံသူများပါ ဝင်သည့် Global Syndicate Marga Group နှင့်မြန်မာကုမ္ပဏီဖြစ်သည့် သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းများ၏ အလားအလာမှာ အထူးကောင်းမွန်ခြင်းကြောင့် လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း Marga မှ အကြီးတန်း အမှုဆောငး ဒါရိုက်တာ Mr.Edger Kwan ကပြောသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ