By နန္ဒ, Shweproperty.com
Updated at 9 April 2013
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှစ်ခုအား သင်္ကြန်အပြီးတွင် စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
“စီမံကိန်းနဲ့ ပတ်သက်လို့ ကုမ္မဏီ ၂၉ ဖွဲ့ တင်ဒါ တင်ထားတယ်။ သင်္ကြန်အပြီးစမယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ ပြောဆိုသည်။ သို့သော် အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းနေရာဖြစ်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၆၇ ရပ်ကွက်တွင် ကျုးကျော်တဲအိမ် ၁၀၀၀ ကျော်ရောက်ရှိလျက်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဥပဒေမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အခန်းပေါင်း ၂၀၀၀၀ ကျော် ပါဝင်မည့် အဆိုပါစံမံကိန်းအား ၂၀၁၄ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး အရစ်ကျငွေ ပေးချေသည့်စနစ်ဖြင့် အခြေခံလူတန်းစားများအတွက် တိုင်းဒေသကြီးအစိုးရမှ တိုက်ရိုက်ရောင်းချမည်ဟု သိရသည်။
Ref: The Standard Time Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ