By Kumudra, Shweproperty.com
Updated at 10 July 2017
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်က ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေအတွက် နှစ် ၃၀ငှားရမ်းခမဲ့ နေထိုင်နိုင်ဖို့ တိုက်ခန်း ၁၂၀ကျော်ကို ဆောက်လုပ် ပေးခဲ့တယ်လို့ UNHabitat က မြန်မာနိုင်ငံ ဆိုင်ရာ စီမံကိန်းဒါရိုက်တာ Mr. Bijay Karmacharya က ပြောပါတယ်။
ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ အစိုးရရဲ့ ငွေကြေးအကူအညီနဲ့ UN-Habitat က အိမ်ခန်းပေါင်း ၁၈၀ပါဝင်တဲ့ ရိုးမအိမ်ရာကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်မှာ စီမံ ကိန်းအပိုင်း (၁)က အခန်းပေါင်း ၁၂၀တည် ဆောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
အဲသည်ဆောက်လုပ်ပြီးစီးတဲ့ ရိုးမ အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို ဆင်းရဲချို့တဲ့တဲ့ ဒေသခံတွေကို ဇူလိုင်လ ၂ ရက် က စပြီး နေထိုင်ခွင့်ပေးအပ်ခဲ့ပြီး စီမံကိန်း ဒုတိယပိုင်းက တိုက်ခန်းတွေကိုတော့ တည်ဆောက်နေဆဲဖြစ်တယ်လို့ မစ္စတာ ဘီဂျေးက ပြောပါတယ်။
တိုက်ခန်းဆောက်ပေးဖို့ မြန်မာအစိုးရ ဆီက မြေတောင်းခံခဲ့ပြီးတော့ အစိုးရက ဒဂုံဆိပ်ကမ်း၊ ကျီစုရပ်ကွက်က သည်မြေ ကို ပေးလို့ သည်မြေပေါ်မှာ သည်နားဝန်း ကျင် မှာ ရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ တွေအတွက် တိုက်ခန်းတွေ ဆောက်လုပ် ပေးတာ ဖြစ်တယ်။ အဲသည်တိုက်ခန်းတွေမှာ နေထိုင်ခွင့်ရရှိသူတွေအနေနဲ့ တစ်ခန်းကို ၃၅၀ စတုရန်းပေရှိတဲ့ တိုက်ခန်းတွေကို အခကြေး ငွေမပေးရဘဲ နှစ် ၃၀ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
နေထိုင်သူတွေအနေနဲ့ လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် နေထိုင်ခွင့် ရုပ်သိမ်းမယ်လို့ သိရပါ တယ်။ တိုက်ခန်းတွေကို ပြန်ငှားတာတွေ၊ ရောင်းချတာတွေနဲ့ လွှဲပြောင်းနေထိုင်ခွင့်မပြုပါဘူး။
Ref : Kumudra
Photo Credit : buildersguide
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ