By The Voice Weekly, Shweproperty.com
Updated at 10 June 2013
ထားဝယ်စီမံကိန်းနှင့် ဆက်နွှယ်ပြီး ထိုင်းနှင့် ဂျပန် စသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်လာကြသော်လည်း ထားဝယ်အိမ်၊ ခြံ၊ မြေ ဈေးကွက် မှာ အေးနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ သိရ သည်။
ယခင်က ထားဝယ်စီမံကိန်းကိစ္စ သတင်းတစ်ခုခုထူးပါက ဂယက်ရိုက်ခတ် မှု ဖြစ်လေ့ရှိသည့် ထားဝယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ထားဝယ်စီမံကိန်းကို ဂျပန်က စိတ်ဝင်စားသည်ဟု သတင်းထွက်လာသော်လည်း ငြိမ်သက်လျက် ရှိကြောင်း ယင်းအသိုင်းအဝိုင်းက ဆိုသည်။
ဂျပန်အဝင်ကို နားစွင့်နေကြသော်လည်း ဈေးကွက်မှာ တည်ငြိမ်ဆဲဖြစ်ပြီး မြို့အပြင်ဘက် လမ်းမဘေး လယ်မြေများသာ အရောင်းအဝယ် အနည်းငယ် ရှိလာကြောင်း ထားဝယ်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးစိုးသိန်းက ပြောဆိုသည်။
"မြို့ထဲမှာ အရောင်းအဝယ်မဖြစ်ဘဲ မြို့ပြင်မှာပဲ ဈေးနည်းနည်းနဲ့ အရောင်း အဝယ်ဖြစ်နေတယ်" ဟု ၎င်းက ဆိုသည်။
မိုးရာသီရောက်တိုင်း ရေကြီးလေ့ရှိပြီး ထားဝယ်မြို့ အထွက်တွင်ရှိသည့် လမ်းမသစ်နံဘေး လယ်ကွက်များကို စိတ်ဝင်စားသူများရှိပြီး တစ်ဧက ကျပ်သိန်း ၅၀ မှ ၇၀ အထိဈေးပေါက်ကြောင်း၊ ပြီးခဲ့သည့် နှစ်ဝန်းကျင်က အဆိုပါနေရာများသည် တစ်ဧက ကျပ် ၁၀ သိန်းခန့်သာ ပေါက်ဈေး ရှိကြောင်း ထားဝယ်မြို့ရှိ အိမ်၊ခြံ၊မြေအကျိုးဆောင်များထံမှ သိရသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်းလတ်ရှင်နာဝပ်၏ ဂျပန်ခရီးစဉ်တွင် ဂျပန်လုပ်ငန်းရှင်များက ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား သည်ဆိုသော်လည်း လက်တွေ့ကျသည့် ကတိကဝတ်များ ထုတ်ဖော်ပြော သည်ကိုမူ မတွေ့ရသေးပေ။
အိမ်၊ ခြံ၊ မြေဈေးကွက် ငြိမ်နေသော်လည်း အိမ်၊ ခြံ၊ မြေအကျိုးဆောင် ကုမ္ပဏီများနှင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများမှာ ထားဝယ်စီမံကိန်းနှင့် ထားဝယ်ဒေသတွင်းရှိ ဖွံ့ဖြိုးလာနိုင်သည့် နေရာ များကို စိတ်ဝင်စားလာကြကာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင် ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာကြသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ